တာချီလိတ်တွင် ၇၈ နှစ်အရွယ် အမျိုးသားတစ်ဦး လယ်တောအိမ်ကို မီးရှို့မှုဖြင့် အမှုဖွင့်ခံရ

တာချီလိတ်တွင် ၇၈ နှစ်အရွယ် အမျိုးသားတစ်ဦး လယ်တောအိမ်ကို မီးရှို့မှုဖြင့် အမှုဖွင့်ခံရ
ဒီဇင်ဘာ 25, 2019
By 🌸

တာချီလိတ်တွင် ၇၈ နှစ်အရွယ် အမျိုးသားတစ်ဦး လယ်တောအိမ်ကို မီးရှို့မှုဖြင့် အမှုဖွင့်ခံရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ကျမူးကျေးရွာတွင် လယ်တောအိမ်တစ်လုံးကို မီးရှို့မှုဖြင့် အသက် (၇၈)နှစ်အရွယ် အမျိုးသားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့၌ အမှုဖွင့်ထားကြောင်း သိရသည်။

ကျမူးကျေးရွာနှင့် (၆)ဖာလုံခန့်အကွာရှိ ဦးလော်ဂျာ၏ လယ်တောတွင် ဆောက်လုပ်ထားသည့် လယ်တောအိမ်မှာ ဒီဇင်ဘာလ (၂၂)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်တွင် မီးလောင်သွားကြောင်း သတင်းရသဖြင့် ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် ဦးလော်ဂျာက သွားရောက်ကြည့်ရှုရာ လယ်တောအိမ်မှာ သွပ်နှင့် အုတ်ဖိနပ်သာ ကျန်တော့သည်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လယ်တောအိမ်ကို တစ်ရွာတည်းနေ ဦးထွန်းလွင်က မီးရှို့ခဲ့သည်ဟု သတင်းရသဖြင့် တာချီလိတ်မြို့မ ရဲစခန်းသို့ ဒီဇင်ဘာလ (၂၄)ရက်နေ့၌ လာရောက်တိုင်တန်းသဖြင့် (ပ)၇၂၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ ရဲတပ်ဖွဲ့

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~