တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၂၂)ဦးအထိရှိနေ၍ အပြင်ထွက်သွားလာပါက မဖြစ်မနေ Mask တပ်ကြရန် Campaign ပြုလုပ်

တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၂၂)ဦးအထိရှိနေ၍ အပြင်ထွက်သွားလာပါက မဖြစ်မနေ Mask တပ်ကြရန် Campaign ပြုလုပ်
နိုဝင်ဘာ 30, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၂၂)ဦးအထိရှိနေ၍ အပြင်ထွက်သွားလာပါက မဖြစ်မနေ Mask တပ်ကြရန်  Campaign ပြုလုပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်  မြို့တွင်းနှင့်အခြားဒေသမှ အပါအဝင် Covid-19 ကူးစက်ခံရသူစုစုပေါင်း (၂၂)ဦးရှိနေသည့် အတွက် မနေမဖြစ်မပြင် သွားလာသူများအနေဖြင့် နှာခေါင်းစည်း(Mask)တပ်ကြရန်  နိုဝင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက Mask Campaign ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ယာယီ နံနက်ခင်းဈေး နှင့် ရှမ်းရိုးမကွင်းရှေ့တို့တွင်  ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး/ကူးစက်) ဒေါက်တာလင်းထွဋ်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ အပါအဝင် သက်ဆိုင်ရာများ ပူးပေါင်းကာ နှာခေါင်းစည်း(Mask)များ ပေးဝေပြီး အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

တာချီလိတ်တွင် Covid-19 အတည်လူနာ (၂၂)ဦးအထိရှိနေသည့်အတွက် ပြည်သူများအနေဖြင့် မဖြစ်မနေ အပြင်ထွက်မည်ဆိုပါက mask တပ်ကြရန် ကျန်းမာရေးက အထူးသတိပေးထားရှိသည်။

လက်ရှိတွင် တာချီလိတ်ဆေးရုံ၌ အခြားဒေသမှ လာရောက်၍ ပိုးတွေ့ရသည့် အတည်ပြုလူနာ (၃)ဦး နှင့် တာချီလိတ်မြို့တွင်းမှ (၁၉)ဦးအပါဆိုလျှင် စုစုပေါင်း (၂၂)ဦးရှိနေသည်။
  Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~