က်ဳိင္းတံုရွိ အထက (၇)ေက်ာင္းဝန္းအတြင္း ဌာနဆုိင္ရာ၊ ေက်ာင္းသားေက်ာင္းသူ၊ ဆရာဆရာမမ်ားႏွင့္ လူမႈေရးအဖြဲ႕မ်ား စုေပါင္းရွင္းလင္း

က်ဳိင္းတံုရွိ အထက (၇)ေက်ာင္းဝန္းအတြင္း ဌာနဆုိင္ရာ၊ ေက်ာင္းသားေက်ာင္းသူ၊ ဆရာဆရာမမ်ားႏွင့္ လူမႈေရးအဖြဲ႕မ်ား စုေပါင္းရွင္းလင္း
ဇွန် 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္၊ ဝမ္ေဟြရပ္ရိွ အထက(၇)ေက်ာင္းတြင္ ဌာနဆုိင္ရာမ်ား၊ ေက်ာင္းသား၊ေက်ာင္းသူ၊ ဆရာ၊ဆရာမမ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ားစုေပါင္းၿပီး ၂၀၁၈ ခုႏွစ္ ဇြန္လ (၂၂)ရက္ေန႔ နံနက္က စုေပါင္းသန္႔ရွင္းေရးျပဳလုပ္ၾကသည္။

ေက်ာင္းအတြင္း ေရစီးေရလာ ေကာင္းေစေရးႏွင့္ ျခင္အႏၱရာယ္ကင္းေစေရး ၿခံဳႏြယ္ပိတ္ေပါင္း ရွင္းလင္းျခင္းအား ျပည္နယ္ဒုတိယအုပ္ခ်ဳပ္မွဴး ဦးရဲႏိုင္ႏွင့္ တာဝန္ရိွသူမ်ား၊ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးမွဴးဦးစီးဌာန ဝန္ထမ္းမ်ား၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးသန္းေဌး ဦးစီးသည့္ တပ္ဖြဲ႕ဝင္မ်ား၊ ၿမိဳ႕နယ္မီးသတ္ဦးစီးမွဴး ဦးမ်ိဳးဇင္ဝင္းႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ ဆရာ/ဆရာမမ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ား စုစုေပါင္းအင္အား (၁၅၀)ဦးခန္႔ စုေပါင္း ရွင္းလင္းၾကေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ၾကည္စိုးလင္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝမ်ဟွေရပ်ရှိ အထက(၇)ကျောင်းတွင် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များစုပေါင်းပြီး ၂၀၁၈ ခုနှစ် ဇွန်လ (၂၂)ရက်နေ့ နံနက်က စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြသည်။

ကျောင်းအတွင်း ရေစီးရေလာ ကောင်းစေရေးနှင့် ခြင်အန္တရာယ်ကင်းစေရေး ခြုံနွယ်ပိတ်ပေါင်း ရှင်းလင်းခြင်းအား ပြည်နယ်ဒုတိယအုပ်ချုပ်မှူး ဦးရဲနိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေး ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇင်ဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် စုပေါင်း ရှင်းလင်းကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကြည်စိုးလင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~