တာချီလိတ်မြို့ ပုံလို့ဆရာတော်၏ သက်တော်(၄၉)နှစ်ပြည့် ၀ိဇာတ မွေးနေ့အကြို

တာချီလိတ်မြို့ ပုံလို့ဆရာတော်၏ သက်တော်(၄၉)နှစ်ပြည့် ၀ိဇာတ မွေးနေ့အကြို
ဇှနျ 1, 2019
By Tachileik News Agency

ယနေ့ ၂၀၁၉ခုနှစ် ဇွန်လ(၁)ရက်နေ့တွင် ဝေဿန္တရာတရားဇာတ်တော်ရွတ်ဖတ်ပူဇော်ခြင်း၊ ဉာဏ်တော်(၅၀)ပေနှင့်(၉)လက်မ အမြင့်ရှိ ဗုဒ္ဓမေတ္တာမဟာဗောဓိဘုရားကြီး နှလုံးတော်သွင်းပူဇော်ခြင်း၊ ဗုဒ္ဓဘိသေက ရေသပ္ပာယ်တော်မူခြင်း နှင့်  အနေကဇာတင်ခြင်းအပြင် လွယ်စတုံတောင်ပေါ်ရှိ ဟုမ့်ယိမ်ဆိုင်မိန်းစေတီတော်ကြီးအား စိန်ဖူးတော်အသစ်နှင့်ထီးတော်အသစ် တင်လှူပွဲ  အစီအစဉ်များကို ပြုလုပ်ရာ ရပ်နီးရပ်ဝေးမှ တပည့်ဒါယကာ - ဒါယိကာမများမှ လာရောက်ကြကြောင်း သိရသည်။

ဆရာတော်၏ သက်တော် (၄၉)နှစ်ပြည့် ဝိဇာတမွေးနေ့အဖြစ် မွေးနေ့တော်လှူဒါန်းခြင်း ရေစက်သွန်းချ ကုသိုလ်ဝေမျှခြင်းကို ဇွန်လ(၂)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ရာ  ဝိဇာတမွေးနေ့မင်္ဂလာအလှူတော်အခမ်းအနားအတွက် ရပ်နီးရပ်ဝေးမှ တပည့်ဒါယကာ - ဒါယိကာမများမှ လာရောက်၍ ပြင်ဆင်မှုများဖြင့် ကုသိုလ်ယူ ဆောင်ရွက်ပေးနေပြီး ရပ်နီး ရပ်ဝေးမှလည်း လာရောက်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့ လွယ်စတုံသွားရာလမ်းရှိ ပုံလို့တောရကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဘိဝိသေသလဇ္ဇိပေသလ သာသနာလင်္ကာရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစာရ အဂ္ဂဓမ္မ၏ သက်တော် (၄၉)နှစ်ပြည့် ဝိဇာတမွေးနေ့အကြို တစ်ရက်အလိုဖြစ်သည့် ဇွန်လ(၁)ရက်နေ့တွင် ဘုရားအနေကဇာတင်ခြင်းနှင့် စိန်ဖူးတော်အသစ်နှင့် ထီးတော်အသစ်တင်လှူခြင်းအခမ်းအနားများ ပြုလုပ်ကြောင်း သိရသည်။

ယနေ့ ၂၀၁၉ခုနှစ် ဇွန်လ(၁)ရက်နေ့တွင်ေဝဿန္တရာတရားဇာတ်တော်ရွတ်ဖတ်ပူဇော်ခြင်း၊ ဉာဏ်တော်(၅၀)ပေနှင့်(၉)လက်မ အမြင့်ရှိ ဗုဒ္ဓမေတ္တာမဟာဗောဓိဘုရားကြီး နှလုံးတော်သွင်းပူဇော်ခြင်း၊ ဗုဒ္ဓဘိသေက ရေသပ္ပါယ်တော်မူခြင်း နှင့် အနေကဇာတင်ခြင်းအပြင် လွယ်စတုံတောင်ပေါ်ရှိ ဟုမ့်ယိမ်ဆိုင်မိန်းစေတီတော်ကြီးအား စိန်ဖူးတော်အသစ်နှင့်ထီးတော်အသစ် တင်လှူပွဲ အစီအစဉ်များကို ပြုလုပ်ရာ ရပ်နီးရပေ်ဝးမှ တပည့်ဒါယကာ - ဒါယိကာမများမှ လာရောက်ကြကြောင်း သိရသည်။

ဆရာတော်၏ သက်တော် (၄၉)နှစ်ပြည့် ဝိဇာတမွေးနေ့အဖြစ် မွေးနေ့တော်လှူဒါန်းခြင်း ရေစက်သွန်းချ ကုသိုလေ်ဝမျှခြင်းကို ဇွန်လ(၂)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ရာ ဝိဇာတမွေးနေ့မင်္ဂလာအလှူတော်အခမ်းအနားအတွက် ရပ်နီးရပေ်ဝးမှ တပည့်ဒါယကာ - ဒါယိကာမများမှ လာရောက်၍ ပြင်ဆင်မှုများဖြင့် ကုသိုလ်ယူ ဆောင်ရွက်ပေးနပြေီး ရပ်နီး ရပေ်ဝးမှလည်း လာရောက်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net