တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ကျင်းပပြုလုပ်မည့် အာဇာနည်နေ့ အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချ ဂါရ၀ပြု အခမ်းအနားအတွက် ပြင်ဆင်မှု စတင်

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ကျင်းပပြုလုပ်မည့် အာဇာနည်နေ့ အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချ ဂါရ၀ပြု အခမ်းအနားအတွက် ပြင်ဆင်မှု စတင်
ဇူလိုင် 16, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ ကျင်းပပြုလုပ်မည့် (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချ ဂါရ၀ပြု အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုကို ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့က စ၍ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။


ကျဆုံးသွားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ရဲဘော်များအား ရည်စူးကာ အာရုံဆွမ်းဆက်ကပ်လှူဒါန်း အမျှပေးဝေခြင်း အစီအစဉ်အား တာချီလိတ်မြို့နယ်ဓမ္မာရုံတွင် ဇူလိုင်လ(၁၉)ရက်နေ့ နံနက်(၆)နာရီအချိန်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ဟန်စိုးထိုက်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ ကျင်းပပြုလုပ်မည့် (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချ ဂါရဝပြု အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုကို ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့က စ၍ ပြုလုပ်နပြေီဖြစ်ကြောင်း သိရသည်။

လွမ်းသူ့ပန်းခွေချ ဂါရဝပြုခြင်းအခမ်းအနားအား တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း ဇူလိုင်လ(၁၉)ရက်နေ့ နံနက်(၆)နာရီက စ၍ နေ့လည်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ဗိုလ်ချုပ်ဂုဏ်ပြုတေးအဆို၊ ကဗျာရွတ်ဆိုပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အပါအဝင် တစ်ခန်းရပ်ပြဇာတ်များဖြင့်လည်း အောင်မြတ်ခန်းမတွင် ဇူလိုင်လ(၁၈)ရက်နေ့ ညနေ(၅)နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကျဆုံးသွားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ရဲဘော်များအား ရည်စူးကာ အာရုံဆွမ်းဆက်ကပ်လှူဒါန်း အမျှပေးဝခြေင်း အစီအစဉ်အား တာချီလိတ်မြို့နယ်ဓမ္မာရုံတွင် ဇူလိုင်လ(၁၉)ရက်နေ့ နံနက်(၆)နာရီအချိန်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net