တာချီလိတ် - ကျိုင်းတုံလမ်းတွင် ဆိုင်ကယ်စီးလာသူ (၂) ဦးထံမှ စိတ်ကြွဆေးပြားနှစ်သောင်းကျော် ဖမ်းမိ

တာချီလိတ် - ကျိုင်းတုံလမ်းတွင် ဆိုင်ကယ်စီးလာသူ (၂) ဦးထံမှ စိတ်ကြွဆေးပြားနှစ်သောင်းကျော် ဖမ်းမိ
မတ် 18, 2020
By Tachileik News Agency

တာချီလိတ် - ကျိုင်းတုံလမ်းတွင် ဆိုင်ကယ်စီးလာသူ (၂) ဦးထံမှ စိတ်ကြွဆေးပြားနှစ်သောင်းကျော် ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဆန်ဆိုင်းရွာအနီး တာချီလိတ် - ကျိုင်းတုံ လမ်းတွင် ၂၀၂၀ ခုနှစ် မတ်လ (၁၇) ရက်နေ့ ညနေ (၃) နာရီဝန်းကျင်က ဆိုင်ကယ် (၂)စီးဖြင့် စိတ်ကြွရူးသွပ်ဆေးပြား (၂၄,၀၀၀) သယ်လာသည့် အမျိုးသား (၂)ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ် - ကျိုင်းတုံလမ်းမကြီးတွင် မယ်ယန်းဘက်မှ တာလေဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် ဦးယာညူးကို စစ်ဆေးရာ ဆိုင်ကယ်ဖင်ထိုင်ခုံအောက် တူးဘောက်အတွင်းမှ  999 တံဆိပ်ပါ အဝါရောင်မှိုင်းခံစက္ကူဖြင့် ပတ်ထားသည့် WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား (၂၄,၀၀၀) ပြားကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွဆေးပြားများ၏ ပိုင်ရှင်ဖြစ်သည့် ဦးဖီးခေါင်းကိုလည်း တာချီလိတ် - ကျိုင်းတုံလမ်းမကြီးတွင် ဆိုင်ကယ်မောင်းနှင်လာစဉ် ဖမ်းမိထားကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ယာညူးနှင့် မူးယစ်ဆေးပိုင်ရှင် ဖီးခေါင်းတို့ကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၄၆/၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ccdac myanmar


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~