တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်း (၂၅)ရက်အတွင်း Covid-19 ကူးစက်ခံရသူ (၈၂၀)ကျော်

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်း (၂၅)ရက်အတွင်း Covid-19 ကူးစက်ခံရသူ (၈၂၀)ကျော်
ဇူလိုင် 22, 2021 | Covid-19| ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် Covid-19 တတိယလှိုင်း၏ ရက်ပေါင်း (၂၅)ရက်အတွင်း Covid-19 ကူးစက်ခံရသူ (၈၂၈)ဦးအထိရှိနေပြီး (၂)ဦး သေဆုံးသွားကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့က စတင်လာပြီး ယနေ့ ဇူလိုင်လ(၂၂)ရက်နေ့ ညအထိ Covid-19 ပိုးကူးစက်ခံထားရသူ (၈၂၈)ဦးအနက် (၂၁၀)ကျော်မှာ စောင့်ကြည့် ကုသဆောင်ကနေ ဆင်းခွင့်ရရှိသွားကြပြီဖြစ်ကြောင်း သိရသည်။

ကူးစက်ခံထားရသူ (၈၂၀)ကျော်ထဲက အများစုမှာ လူငယ်များသာဖြစ်ကြပြီး သက်ကြီးသူများ အနည်းငယ်ပါဝင်သော်လည်း ဇူလိုင်လ(၁၈)ရက်နေ့က သေဆုံးသွားသူ (၂)ဦးမှာ အသက်(၆၀)ကျော် အရွယ်များဖြစ်ကြောင်း သိရသည်။