ထိုင်းနိုင်ငံတွင်းမှ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ နေရပ်ပြန်လိုပါက သံရုံး၏ အကူအညီရယူနိုင်

ထိုင်းနိုင်ငံတွင်းမှ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ နေရပ်ပြန်လိုပါက သံရုံး၏ အကူအညီရယူနိုင်
နိုဝင်ဘာ 17, 2020
By Tachileik News Agency
ထိုင်းနိုင်ငံတွင်းမှ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ  နေရပ်ပြန်လိုပါက သံရုံး၏ အကူအညီရယူနိုင်
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် အထောက်အထားမဲ့ဖြစ်နေသော မြန်မာနိုင်ငံသားများ နေရပ်ပြန်လိုပါက ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံရုံးသို့ ဆက်သွယ်စာရင်းပေးပါက နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
“ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေတဲ့သူတွေ၊ သွားရေးလာရေးမှာ အထောက်အထားမဲ့တဲ့သူတွေက ထိုင်းနိုင်ငံတာဝန်ရှိသူတွေရဲ့ အရေးယူခြင်း ခံရနိုင်တယ်။ မြန်မာပြည်ကိုပြန်ချင်တယ်ဆိုရင် အလုပ်သမားသံအရာရှိဘက်ကနေ အတတ်နိုင်ဆုံးသူတို့ကို ကူညီဆောင်ရွက်ပေးပါတယ်။ Passport စာအုပ် သက်တမ်းလွန်သွားတာတို့၊ ပျောက်သွားတာတို့ဖြစ်ရင် သူတို့နေရပ်ပြန်နိုင်ရေးအတွက် အခက်အခဲမရှိအောင် ထိုင်းနိုင်ငံမှာရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်”ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ မြန်မာအလုပ်သမားသံအရာရှိ ဦးကျော်သူဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့  ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ပြောသည်။
COVID 19 ကာကွယ်ရေးအတွက် နှစ်နိုင်ငံ နယ်စပ်ဂိတ်များပိတ်ထားစဉ်အတွင်း ထိုင်းနိုင်ငံတွင်းမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံးက အထောက်အထားများစိစစ်၍ နယ်စပ်မှ ပြန်ခွင့်ရရန် ထိုင်းနိုင်ငံဘက်သို့ ညှိှနှိုင်း၍ ပြန်ပို့ပေးနေခြင်းဖြစ်သော်လည်း အချို့သော မြန်မာနိုင်ငံသားများမှာ နေထိုင်ခွင့်သက်တမ်းကျော်လွန်ခြင်းအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် အထောက်အထားမဲ့ နေထိုင်သူများဖြစ်နေရာ နေရပ်ပြန်ရေး အခက်အခဲဖြစ်နေကြခြင်းဖြစ်သည်။
ယင်းကဲ့သို့ အထောက်အထားမဲ့နေသော မြန်မာနိုင်ငံသားများအနေဖြင့်လည်း မြန်မာအလုပ်သမားသံအရာရှိရုံး၏ ဖုန်းများဖြစ်သည့် ဘန်ကောက်မြို့ဖုန်း ( 09488 45484 ၊ 0652206952 )၊ ရနောင်း ( 0652206951 )၊ မဲဆောက် ( 0652206953 ) နှင့် ချင်းမိုင် ( 0990592352 )သို့ ဆက်သွယ်လာကြပါက နေရပ်ပြန်ရေး ကူညီပေးမည်ဟု အသိပေးကြေညာထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~