ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးခံရသည့္ တရားမ၀င္ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားကို တာခ်ီလိတ္သို႔ ျပန္လည္လႊဲေပးလာရာတြင္ ဇူလိုင္လ ပထမ(၃)ရက္အတြင္း (၄၉)ဦးရွိ

ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးခံရသည့္ တရားမ၀င္ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားကို တာခ်ီလိတ္သို႔ ျပန္လည္လႊဲေပးလာရာတြင္ ဇူလိုင္လ ပထမ(၃)ရက္အတြင္း (၄၉)ဦးရွိ
ဇူလိုင် 3, 2019
By Tachileik News Agency

ထိုင္းႏုိင္ငံအတြင္း ဖမ္းဆီးခံရသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား အေရးယူၿပီးေနာက္ တာခ်ီလိတ္သို႔ ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၁) ရက္ေန႔မွ (၃)ရက္ေန႔အထိ လႊဲေျပာင္းေပးလာရာတြင္ စုစုေပါင္း (၄၉)ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ထိုင္းဘက္က လာေရာက္လႊဲေျပာင္းေပးလာရာတြင္ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁)ရက္ေန႔က (၁၁)ဦး၊ ဇူလိုင္လ(၂)ရက္ေန႔က (၁၃)ဦးႏွင့္ ဇူလိုင္လ(၃)ရက္ေန႔တြင္ (၂၅)ဦး ရွိရာတြင္ အမ်ဳိးသမီး(၁၁)ဦး ပါ၀င္ေၾကာင္း သိရသည္။

လႊဲေျပာင္းေပးလာသည့္ (၂၅)ဦးသည္ အမ်ဳိးသား(၁၆)ဦးႏွင့္ အမ်ိဳးသမီး (၉) ဦးတို႔ျဖစ္ၿပီး ၎တို႔သည္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ အမ်ိဳးသား (၁၃) ဦး၊ အမ်ိဳးသမီး (၈) ဦး၊ ကယားျပည္နယ္မွ အမ်ိဳးသား (၂) ဦး၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ အမ်ိဳးသား (၁) ဦးႏွင့္ အမ်ိဳးသမီး (၁) ဦးတု႔ိပါ၀င္ေၾကာင္း၊ တရားမ၀င္သြားေရာက္မႈျဖင့္ (၂) ဦး၊ နယ္ေျမေက်ာ္လြန္သြားေရာက္မႈျဖင့္ (၂၃) ဦးဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံဘက္မွ တာ၀န္ရိွသူမ်ားက လႊဲေျပာင္းေပးအပ္ရာတြင္ ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမားညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကၿပီး ေနရပ္ျပန္ရန္ အခက္အခဲျဖစ္သူမ်ားႏွင့္ အကူအညီလိုအပ္သူမ်ားကို သက္ဆိုင္ရာမ်ားျဖင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေပးရသည္မ်ားလည္း ရွိေၾကာင္း သိရွိရသည္။

ထိုင္းႏိုင္ငံတြင္း အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာေရြ႕ေျပာင္းလုပ္သားအား ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇူလိုင္လ(၃)ရက္ေန႔အထိ လႊဲေျပာင္းေပးလာရာ အမ်ိဳးသား (၇၂၆) ဦး ႏွင့္ အမ်ိဳးသမီး (၃၇၀) ဦး အျပင္ကေလး (၃၉) ဦး စုစုေပါင္း (၁၁၃၅) ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအား အရေးယူပြီးနောက် တာချီလိတ်သို့ ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှ (၃)ရက်နေ့အထိ လွှဲပြောင်းပေးလာရာတွင် စုစုပေါင်း (၄၉)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်းဘက်က လာရောက်လွှဲပြောင်းပေးလာရာတွင် ၂၀၁၉ခုနှစ် ဇူလိုင်လ(၁)ရက်နေ့က (၁၁)ဦး၊ ဇူလိုင်လ(၂)ရက်နေ့က (၁၃)ဦးနှင့် ဇူလိုင်လ(၃)ရက်နေ့တွင် (၂၅)ဦး ရှိရာတွင် အမျိုးသမီး(၁၁)ဦး ပါဝင်ကြောင်း သိရသည်။

လွှဲပြောင်းပေးလာသည့် (၂၅)ဦးသည် အမျိုးသား(၁၆)ဦးနှင့် အမျိုးသမီး (၉) ဦးတို့ဖြစ်ပြီး၎င်းတို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ အမျိုးသား (၁၃) ဦး၊ အမျိုးသမီး (၈) ဦး၊ ကယားပြည်နယ်မှ အမျိုးသား (၂) ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦးတို့ပါဝင်ကြောင်း၊ တရားမဝင်သွားရောက်မှုဖြင့် (၂) ဦး၊ နယ်မြေကျော်လွန်သွားရောက်မှုဖြင့် (၂၃) ဦးဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာတွင် မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြပြီး နေရပ်ပြန်ရန် အခက်အခဲဖြစ်သူများနှင့် အကူအညီလိုအပ်သူများကို သက်ဆိုင်ရာများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည်များလည်း ရှိကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင်း အကြောင်းအမျိူးမျိူးကြောင့် ဖမ်းဆီးခံရသည့် မြန်မာရွေ့ပြောင်းလုပ်သားအား ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇူလိုင်လ(၃)ရက်နေ့အထိ လွှဲပြောင်းပေးလာရာ အမျိုးသား (၇၂၆) ဦး နှင့် အမျိုးသမီး (၃၇၀) ဦး အပြင်ကလေး (၃၉) ဦး စုစုပေါင်း (၁၁၃၅) ဦးရှိပြီဖြစ်ကြောင်း သိရသည်

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net