မိုင်းယောင်းမြို့တွင် တောမီးမှတဆင့် ထပ်လုံစေတီကုန်းမြေပေါ်ရှိ ဆွမ်းစားဆောင်များ မီးကူးစက်လောင်ကျွမ်း

မိုင်းယောင်းမြို့တွင် တောမီးမှတဆင့် ထပ်လုံစေတီကုန်းမြေပေါ်ရှိ ဆွမ်းစားဆောင်များ မီးကူးစက်လောင်ကျွမ်း
ဧပြီ 5, 2020
By Tachileik News Agency
မိုင်းယောင်းမြို့တွင် တောမီးမှတဆင့် ထပ်လုံစေတီကုန်းမြေပေါ်ရှိ ဆွမ်းစားဆောင်များ မီးကူးစက်လောင်ကျွမ်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဝမ်ကောင်းကျေးရွာအုပ်စု၊ ဝမ်တောင်းကျေးရွာ အနီးတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့ ညနေ (၅) နာရီ (၁၅) မိနစ်က တောမီးမှတစ်ဆင့် ထပ်လုံစေတီကုန်းမြင့်ရှိ ဆွမ်းစားဆောင်နှစ်လုံး မီးကူးစက်လောင်ကျွမ်းသွားသည်။

မီးလောင်မှုကို စုပေါင်းငြှိမ်းသတ်ကြရာ ညနေ (၅) နာရီခွဲတွင် မီးညွှန့်ကျိုးခဲ့ပြီး ည (၇)  နာရီ (၅၅) မိနစ်တွင် မီးငြိမ်းသည်။

မီးလောင်ရာသို့ မီးသတ်တပ်ဖွဲ့နှင့်တူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးထွန်းနေဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်နှင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များကဝိုင်းဝန်းငြှိမ်းသတ်ပေးကြသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - စိုင်းအောင်ဇော်လင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~