အသက်(၄)နှစ်အရွယ် မိန်းကလေးငယ်အား အသက်(၁၁)နှစ်ကျော် ယောက်ျားလေးမှ အဓမ္မပြုကျင့်

အသက်(၄)နှစ်အရွယ် မိန်းကလေးငယ်အား အသက်(၁၁)နှစ်ကျော် ယောက်ျားလေးမှ အဓမ္မပြုကျင့်
ဇူလိုငျ 21, 2019
By Tachileik News Agency

မကွေးမြို့တွင် အသက်(၄)နှစ်ကျော်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သည့် အသက်(၁၁)နှစ်ကျော်အရွယ် ယောက်ျားလေးအား မကွေးမြို့ နယ်မြေရဲစခန်းတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အဆိုပါ မိန်းကလေးကို တစ်ရပ်ကွက်တည်းနေ ယောက်ျားလေးက ဇူလိုင်လ (၁၈)ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်က အဓမ္မပြုကျင့်နေသည်ကို မိန်းကလေး၏ အစ်ကိုဖြစ်သူမှ တွေ့ခဲ့ရပြီး ရဲစခန်းသို့ တိုင်ချက်ဖွင့်ရန် မိသားစုတိုင်ပင်နေသဖြင့် ဇူလိုင်လ (၂၀)ရက်နေ့မှ အမှုဖွင့်တိုင်တန်းဖြစ်ခြင်းဖြစ်ကြောင်း နယ်မြေရဲစခန်းမှူး ရဲအုပ်အေးကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


ကျူးလွန်သည့် ယောက်ျားလေးအား ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် အသက်(၁၁)နှစ်ကျော်သာရှိသေးသည့် အတွက် မိဘအုပ်ထိန်းသူထံ ခံဝန်ဖြင့် အပ်နှံ၍ လိုအပ်သည့်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။


Tachileik News Agency
သတင်း - ဖီးနစ်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးမြို့တွင် အသက်(၄)နှစ်ကျော်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သည့် အသက်(၁၁)နှစ်ကျော်အရွယ် ယောကျာ်းလေးအား မကွေးမြို့ နယ်မြေရဲစခန်းတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အဆိုပါ မိန်းကလေးကို တစ်ရပ်ကွက်တည်းနေ ယောကျာ်းလေးက ဇူလိုင်လ (၁၈)ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်က အဓမ္မပြုကျင့်နေသည်ကို မိန်းကလေး၏ အစ်ကိုဖြစ်သူမှ တွေ့ခဲ့ရပြီး ရဲစခန်းသို့ တိုင်ချက်ဖွင့်ရန် မိသားစုတိုင်ပင်နေသဖြင့် ဇူလိုင်လ (၂၀)ရက်နေ့မှ အမှုဖွင့်တိုင်တန်းဖြစ်ခြင်းဖြစ်ကြောင်း နယ်မြေရဲစခန်းမှူး ရဲအုပ်အေးကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မိန်းကလေးငယ်ကို ခရေပန်းကောက်ရန်သွားမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျူးလွန်သည့် ယောကျာ်းလေးအား ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် အသက်(၁၁)နှစ်ကျော်သာရှိသေးသည့် အတွက် မိဘအုပ်ထိန်းသူထံ ခံဝန်ဖြင့် အပ်နှံ၍ လိုအပ်သည့်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဗိုလ်ပု (ခေါ်) အောင်ခန့်ကျော်အား မကွေးနယ်မြေရဲစခန်းတွင် (ပ)၅၃၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net