လားရှိုးတွင် (၅)နှစ်အရွယ် မိန်းကလေးကို လိင်ပိုင်းဆိုင်ရာထိပါးစော်ကားသည့် အသက် (၂၀)အရွယ် လူငယ်အား ပုဒ်မနှစ်ခုဖြင့် ဖမ်းဆီးထိန်းသိမ်းထား

လားရှိုးတွင် (၅)နှစ်အရွယ် မိန်းကလေးကို လိင်ပိုင်းဆိုင်ရာထိပါးစော်ကားသည့် အသက် (၂၀)အရွယ် လူငယ်အား ပုဒ်မနှစ်ခုဖြင့် ဖမ်းဆီးထိန်းသိမ်းထား
အောက်တိုဘာ 25, 2020
By Tachileik News Agency
လားရှိုးတွင် (၅)နှစ်အရွယ် မိန်းကလေးကို လိင်ပိုင်းဆိုင်ရာထိပါးစော်ကားသည့် အသက် (၂၀)အရွယ် လူငယ်အား ပုဒ်မနှစ်ခုဖြင့် ဖမ်းဆီးထိန်းသိမ်းထား
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၌ အသက် (၅)နှစ်အရွယ် မိန်းကလေးငယ်ကို အသက် (၂၀)အရွယ် လူငယ်တစ်ဦးက အာလူးကြော်တစ်ထုပ်ပေး၍ နေအိမ်သို့ခေါ်ယူကာ လိင်ပိုင်းဆိုင်ရာ ထိပါးမှုလုပ်ဆောင်သဖြင့် အရေးယူထားရကြောင်း သိရသည်။
အသက် (၅)နှစ်အရွယ် ကလေးငယ်သည် နေ့လယ် (၂)နာရီခွဲဝန်းကျင်က မိခင်ဖြစ်သူ အဝတ်လျှော်နေစဉ် နေအိမ်အနီး၌ သူငယ်ချင်းများနှင့် ဆော့ကစားနေစဉ် မျက်နှာချင်းဆိုင်နေအိမ်မှ အသက် (၂၀)အရွယ် လူငယ်က အာလူးကြော်ထုပ်ပေးကာ နေအိမ်သို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကလေးငယ်၏ လိင်အင်္ဂါမှ သွေးထွက်နေသဖြင့် မိခင်ဖြစ်သူက နေအိမ်အနီးရှိ တိုင်းရင်းဆေးဆရာ ဇနီးမောင်နှံအားပြသ၍ ကလေးငယ်အား မေးမြန်းရာမှ  နေအိမ်အနီးမှ အိုက်ချိန် (ခ) ပလောင်က ကလေးငယ်အား နေအိမ်အိပ်ခန်းသို့ခေါ်၍ ကလေးငယ်၏ လိင်အင်္ဂါကို လက်ဖြင့်ထိုးသည်ဟုပြောသဖြင့် လားရှိုးမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကလေးငယ်အား လိင်ပိုင်းဆိုင်ရာစော်ကားသူ အိုက်ချိန် (ခ) ပလောင်အား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး လားရှိုးမြို့မရဲစခန်းတွင် (ပ) ၅၃၉/ ၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ -၃၇၇ / ၃၆၃ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~