သီပေါမြို့နယ်အတွင်း ကုံးမုံရွာ -  နမ့်အွန်ရွာအကြား ကုန်းဆင်းတွင် လမ်းချောပြီး ကားတစ်စီး လမ်းဘေးထိုးကျ၍ လူ(၁၀)ဦး ဒဏ်ရာရ

  Photo: နယ်စည်းမခြားပရဟိတ(သီပေါ)
  Photo: နယ်စည်းမခြားပရဟိတ(သီပေါ)
သီပေါမြို့နယ်အတွင်း ကုံးမုံရွာ -  နမ့်အွန်ရွာအကြား ကုန်းဆင်းတွင် လမ်းချောပြီး ကားတစ်စီး လမ်းဘေးထိုးကျ၍ လူ(၁၀)ဦး ဒဏ်ရာရ

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း ကုံးမုံရွာနှင့် နမ့်အွန်ရွာကြား ကုန်းဆင်းတွင် မိုးများသည်းထန်စွာရွာသွန်းထားသည့်အတွက်  ကားတစ်စီး လမ်းချော်ပြီး လမ်းဘေးထိုးကျမှု ဖြစ်ပွားကာ လူ(၁၀)ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၃၀)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်အချိန်က လမ်းချော်ပြီး လမ်းဘေးထိုးကျမှုကြောင့် လူ(၁၀)ဦး ဒဏ်ရာရရှိသွားရာ နယ်စည်းမခြား ပရဟိတအသင်းနှင့် သီပေါလူငယ်လူမှုကူညီရေးအသင်းတို့ ပူးပေါင်းပြီး ယာဉ်(၃)စီးဖြင့် ဒဏ်ရာ ရရှိသူများကို သီပေါဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဒဏ်ရာရရှိသူ (၁၀)ဦးအနက် (၂)ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သိရသည်။