လောင်းကစားဝိုင်းပြုလုပ်နေသည်ကို သတင်းပေးရန် ပျက်ကွက်သည့် ကျေးရွာတာဝန်ခံအား တာဝန်မှ ရပ်ဆိုင်း

လောင်းကစားဝိုင်းပြုလုပ်နေသည်ကို သတင်းပေးရန် ပျက်ကွက်သည့် ကျေးရွာတာဝန်ခံအား တာဝန်မှ ရပ်ဆိုင်း
ဒီဇင်ဘာ 13, 2020
By Tachileik News Agency
လောင်းကစားဝိုင်းပြုလုပ်နေသည်ကို သတင်းပေးရန် ပျက်ကွက်သည့် ကျေးရွာတာဝန်ခံအား  တာဝန်မှ ရပ်ဆိုင်း
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပေကံကုန်းကျေးရွာတွင် ကြက်တိုက်လောင်းကစားဝိုင်း ပြုလုပ်နေသည်ကို သတင်းပေးပို့ရန် ပျက်ကွက်မှုဖြင့် ကျေးရွာတာဝန်ခံအား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့မှစ၍ တာဝန်မှရပ်စဲလိုက်ကြောင်း မြို့သစ်မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
 “ကျေးရွာအပြင် ကျေးရွာရဲ့ အနောက်တောင်ဘက်က ယာခင်းထဲ ကြက်တိုက်လောင်းကစား ပြုလုပ်နေ တယ်လို့ သတင်းရရချင်း သွားရောက်ဖမ်းဆီးခဲ့တာပေမဲ့ ကြက်တိုက်လောင်းကစားပြုလုပ်နေသူတွေဟာ ကြက်တွေနဲ့တကွ ထွက်ပြေးသွားကြလို့ ဖမ်းမမိလိုက်ပါဘူး။ ဆိုင်ကယ် ၂၈ စီးကိုပဲ သိမ်း ဆည်းရမိခဲ့ပါတယ်” ဟု မြို့သစ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြို့သစ်မြို့နယ်၊ တပ်ကုန်းကျေးရွာအုပ်စု၊ ပေကံကုန်းကျေးရွာ အနောက်တောင်ဘက် ယာခင်းထဲ၌ ကြက်တိုက် လောင်းကစားပြုလုပ်နေကြောင်း မြို့သစ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးထံ ဒီဇင်ဘာလ (၁၂)ရက်နေ့က သတင်းပေးတိုင်ကြားချက်အရ ချက်ချင်းပင် မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးပါ ရဲတပ်ဖွဲ့ဝင် (၇)ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ အုပ်ချုပ်ရေးဝန်ထမ်း (၂၀)ဖြင့် ချက်ချင်းသွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သော်လည်း မိမိတို့လာရောက်နေသည်ကို အဝေးက ကြိုတင်သိမြင်နိုင်သည့် ယာခင်းပြင်၌ဖြစ်၍ လောင်းကစားသမားများမှာ ထွက်ပြေးတိမ်းရှောင်သွားကြသဖြင့် ယာခင်းပြင်အနီးတဝိုက်ရှိ နေအိမ်အချို့အနီး၌ရပ်ထားသည့် ဆိုင်ကယ်(၂၈) စီးကိုသာ သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လောင်းကစားမှုကျူးလွန်သူများကို ရဲတပ်ဖွဲ့မှ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် စိစစ်ဖော် ထုတ်သွားမည်ဖြစ်ကြောင်းသိရကာ သတင်းပေးပို့ရန်ပျက်ကွက်သည့် ပေကံကျေးရွာတာဝန်ခံကို တာဝန်မှ ရပ်နားလိုက်ကြောင်းသိရသည်။
COVID 19 ကာလအတွင်း  ပြည်သူများ လောင်းကစားကြောင့် စားဝတ်နေရေးအခက်အခဲရှိမည်စိုး၍ လောင်းကစားလုပ်နေသည်ကိုတွေ့ပါက သတင်းပေးကြရန် မြို့နယ်အုပ်ချုပ်ရေးမှူးက တိုက်တွန်းထားသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~