ကျိုင်းတုံမြို့သို့ လေကြောင်းလိုင်းဖြင့် အခြားတိုင်းနှင့်ပြည်နယ်များမှ လာရောက်မည့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် facility quarantine စီစဉ်ပေးထား

ကျိုင်းတုံမြို့သို့ လေကြောင်းလိုင်းဖြင့် အခြားတိုင်းနှင့်ပြည်နယ်များမှ လာရောက်မည့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် facility quarantine စီစဉ်ပေးထား
ဒီဇင်ဘာ 16, 2020
By Tachileik News Agency
ကျိုင်းတုံမြို့သို့ လေကြောင်းလိုင်းဖြင့် အခြားတိုင်းနှင့်ပြည်နယ်များမှ လာရောက်မည့်  ဌာနဆိုင်ရာ ဝန်ထမ်းများအတွက်  facility quarantine စီစဉ်ပေးထား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ပြည်တွင်းလေကြောင်းခရီးဖြင့် ရှမ်းပြည်နယ်ပြင်ပမှ လာရောက်သူအားလုံး hotel quarantine ဝင်ရမည်ဖြစ်ရာ အခက်အခဲရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် facility quarantine စီစဉ်ပေးထားကြောင်း သိရသည်။
" ဌာနဆိုင်ရာတွေကျတော့ ပိုက်ဆံက မရှိတော့ အလုပ်ကိစ္စအတွက် လာလည်း လာရတယ်ဆိုတော့ သူတို့ကို ကျိုင်းတုံတက္ကသိုလ်ထဲက သဇင်ဆောင်မှာ ထားပေးတာ။ တစ်ချို့ ပိုက်ဆံတတ်နိုင်တဲ့ ဌာနဆိုင်ရာကတော့ hotel quarantine နေလို့ရတယ်။ ပိုက်ဆံမတတ်နိုင်တဲ့သူကတော့ သဇင်ဆောင်မှာ quarantine ထားမယ်။ ကျန်တဲ့အများပြည်သူကတော့ hotel quarantine ပဲ"ဟု ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့၌ ပြောသည်။
နိုင်ငံတွင်း COVID 19 တွေ့ရှိမှု လျော့ကျလာခြင်းမရှိသေးသော်လည်း ပြည်တွင်းလေကြောင်းလိုင်းများကို ဒီဇင်ဘာလ (၁၆)ရက်နေ့မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် COVID 19 ကာကွယ်ရေးအစီအစဉ်များအား လိုက်နာပြီး ပြန်လည်ပြေးဆွဲခွင့်ပြုထားခြင်းဖြစ်သည်။
ယင်းကဲ့သို့ ပြန်လည်ပြေးဆွဲခွင့်ပြုရာ၌ ရှမ်းပြည်နယ်အတွင်းသို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်သူအားလုံး hotel quarantine ဝင်ပြီး COVID 19 ထပ်မံစစ်ဆေးကြရမည်ဖြစ်ရာ ကျိုင်းတုံမြို့သို့ ဌာနဆိုင်ရာလုပ်ငန်းတာဝန်များဖြင့် သွားရောက်မည့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် facility quarantine ကို စီစဉ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

 Tachileik News Agency

သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~