တာချီလိတ်မြို့တွင်  မွေးလူနာအမျိုးသမီးတစ်ဦးထံက Covid-19 ပိုးတွေ့

တာချီလိတ်မြို့တွင်  မွေးလူနာအမျိုးသမီးတစ်ဦးထံက Covid-19 ပိုးတွေ့
သြဂုတ် 7, 2021 | Covid-19| ရှမ်းရှေ့

 တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ယနေ့ ဩဂုတ်လ(၇)ရက်နေ့၌ ရောက်ရှိလာသည့် မွေးလူနာအမျိုးသမီးတစ်ဦးအား RDT Test Kit ဖြင့် စစ်ဆေးရာမှ   Covid-19 ပိုးတွေ့ရှိကြောင်း သိရသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာပြီး Covid-19 ပိုးတွေ့ရှိရသည့် မွေးလူနာအမျိုးသမီးမှာ အသက်(၂၅)နှစ်အရွယ်ဖြစ်ပြီး ၎င်းသည် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

 

တာချီလိတ်မြို့တွင် Covid-19  စစ်ဆေးပေးခြင်းများနှင့် ပတ်သက်၍ ရောဂါလက္ခဏာတစ်ခုခု ခံစားနေရသူ နှင့် မိမိကိုယ်ကို မသင်္ကာ၍စစ်ဆေးလိုသူများကို ဆေးရုံဟောင်းအတွင်းရှိ Fever Clinic တွင် စစ်ဆေးပေးနေပြီး ဆေးရုံတက်မည့် လူနာအဖြစ် ရောက်ရှိလာသည့် လူနာများကိုတော့ ခရိုင်ပြည်သူ့ဆေးရုံတွင် စစ်ဆေးပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဩဂုတ်လ(၆)ရက်နေ့ ညနေပိုင်းအထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၁,၆၇၅)ဦး အထိရှိပြီး အားလုံးမှာ ပိုးကူးစက်ခံထားရကြောင်း သိရသည့် နေ့ကစ၍ သတ်မှတ်ရက် (၁၁)ရက်ပြည့်ပါက အရေးပေါ်လူနာမှလွဲ၍ နေအိမ်ပြန်ခွင့်ပြုပေးထားကြောင်း သိရသည်။