က်ဳိင္းတံုၿမိဳ႕တြင္ မူးယစ္ေဆး၀ါးသတင္းအရ အမ်ဳိးသားႏွစ္ဦးအား မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိ

က်ဳိင္းတံုၿမိဳ႕တြင္ မူးယစ္ေဆး၀ါးသတင္းအရ အမ်ဳိးသားႏွစ္ဦးအား မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိ
မေ 6, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္၊ ဝမ္မုိင္ေက်းရြာမွ မူးယစ္ေဆးသံုးစြဲသူမ်ား ႏွင့္ ပတ္သက္၍ သတင္းရသည့္ေနရာအား ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြရာ အမ်ိဳးသားတစ္ဦးအား စိတ္ၾကြေဆးျပား (၂၀၀)ႏွင့္ ဖမ္းမိၿပီးေနာက္ ေရာင္းခ်သူကိုပါ ထပ္မံဖမ္းဆီးရမိေၾကာင္း သိရသည္။

ေနာင္ကုန္ေက်းရြာအုပ္စု၊ ဝမ္မုိင္ေက်းရြာအေနာက္ဘက္ အုတ္ဖိုအနီးတြင္ မူးယစ္ေဆး လာေရာက္သံုးစြဲ၊ ေရာင္းခ်ေနေၾကာင္း သတင္းအရ ၂၀၁၉ ခုႏွစ္၊ ေမလ (၅)ရက္ေန႔ ေန႔လယ္ (၂)နာရီခြဲဝန္းက်င္က မူးယစ္တပ္ဖြဲ႕စု (၂၈)က်ဳိင္းတံုမွ တပ္ဖြဲ႕ဝင္မ်ားက သက္ေသမ်ားႏွင့္အတူ ဝင္ေရာက္ရွာေဖြရာ တင္ထြန္းေအာင္အား စိတ္ၾကြေဆးျပား (၂၀၀)ႏွင့္အတူ ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ မူးယစ္ေဆးေရာင္းခ်သည္ဟု သတင္းရသည့္ ကတ္ဖေက်းရြာအုပ္စု၊ ေနာင္ရွဲန္အာခါေက်းရြာမွ အားလြန္၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ အားလြန္အား စိတ္ၾကြေဆးျပား (၆၄၅)ျပားႏွင့္ ျမန္မာေငြစုစုေပါင္း (၃၀,၀၀၀)အျပင္ စိတ္ၾကြေဆးျပားအသံုးျပဳသည့္ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းမိသည့္ တင္ထြန္းေအာင္အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၁၀/၂၀၁၉၊ မူးစိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္လည္းေကာင္း၊ အားလြန္အား မယ(ပ)၁၁၁/၂၀၁၉၊ မူးစိတ္ပုဒ္မ ၁၉(က)/၂၀(က)ျဖင့္ အသီးသီးအမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႔



~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ဝမ်မိုင်ကျေးရွာမှ မူးယစ်ဆေးသုံးစွဲသူများ နှင့် ပတ်သက်၍ သတင်းရသည့်နေရာအား ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ အမျိုးသားတစ်ဦးအား စိတ်ကြွဆေးပြား (၂၀၀)နှင့် ဖမ်းမိပြီးနောက် ရောင်းချသူကိုပါ ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

နောင်ကုန်ကျေးရွာအုပ်စု၊ ဝမ်မိုင်ကျေးရွာအနောက်ဘက် အုတ်ဖိုအနီးတွင် မူးယစ်ဆေး လာရောက်သုံးစွဲ၊ ရောင်းချနေကြောင်း သတင်းအရ ၂၀၁၉ ခုနှစ်၊ မေလ (၅)ရက်နေ့ နေ့လယ် (၂)နာရီခွဲဝန်းကျင်က မူးယစ်တပ်ဖွဲ့စု (၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ တင်ထွန်းအောင်အား စိတ်ကြွဆေးပြား (၂၀၀)နှင့်အတူ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် မူးယစ်ဆေးရောင်းချသည်ဟု သတင်းရသည့် ကတ်ဖကျေးရွာအုပ်စု၊ နောင်ရှဲန်အာခါကျေးရွာမှ အားလွန်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အားလွန်အား စိတ်ကြွဆေးပြား (၆၄၅)ပြားနှင့် မြန်မာငွေစုစုပေါင်း (၃၀,ဝဝဝ)အပြင် စိတ်ကြွဆေးပြားအသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိသည့် တင်ထွန်းအောင်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၁၀/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့်လည်းကောင်း၊ အားလွန်အား မယ(ပ)၁၁၁/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၀(က)ဖြင့် အသီးသီးအမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net