မိုင်းယောင်းမြို့တွင် နေ့ပိုင်းဖွင့်လှစ်သည့် စားသောက်ဆိုင်များ၌ Covid-19 ကာကွယ်ရေး သတ်မှတ်ချက်များ လိုက်နာမှု ရှိ မရှိ စစ်ဆေး

မိုင်းယောင်းမြို့တွင် နေ့ပိုင်းဖွင့်လှစ်သည့် စားသောက်ဆိုင်များ၌ Covid-19 ကာကွယ်ရေး သတ်မှတ်ချက်များ လိုက်နာမှု ရှိ မရှိ စစ်ဆေး
စက်တင်ဘာ 13, 2020
By Tachileik News Agency

မိုင်းယောင်းမြို့တွင် နေ့ပိုင်းဖွင့်လှစ်သည့် စားသောက်ဆိုင်များ၌ Covid-19 ကာကွယ်ရေး သတ်မှတ်ချက်များ လိုက်နာမှု ရှိ မရှိ စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နေ့ပိုင်းဖွင့်လှစ်သည့် စားသောက်ဆိုင်များတွင် Covid-19 ကာကွယ်ရေး သတ်မှတ်ချက်များနှင့် လိုက်နာ ကိုက်ညီမှု ရှိ မရှိ စစ်ဆေးမှုကို စက်တင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံ စစ်ဆေးနေကြောင်း သိရသည်။

နေ့ပိုင်းဖွင့်လှစ်သည့် စားသောက်ဆိုင်များကို စစ်ဆေးရာတွင် မိုင်းယောင်းမြို့နယ် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီက စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့များ ဖွဲ့ပေးထားပြီး စားသောက်ဆိုင်များ၌ လက်ဆေးဘေစင်နှင့် လက်သန့်ဆေးရည် ထားရှိခြင်းရှိ/မရှိ၊ စားပွဲတွင် ပလပ်စတစ်ပြား အကာအရံခြားထားခြင်း ရှိ/မရှိ စစ်ဆးခြင်း၊ Covid-19 ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို အများမြင်သည့်နေရာတွင် ကပ်ထားခြင်းရှိ/မရှိ၊ ဆိုင်ရှင်များ လက်အိတ်နှင့် နှာခေါင်းစည်း(Mask) တပ်ထားခြင်း ရှိ/မရှိ နှင့် တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးဖြင့် စားသုံးနိုင်သည့် နေရာများ ဆောင်ရွက်ထားခြင်း ရှိ/မရှိ စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စားသောက်ဆိုင်များလိုက်နာရမည့် အချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိကို စစ်ဆေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်အတွင်း Covid-19 ကြိုတင်ကာကွယ်ရေးအတွက် မြို့ အဝင်အထွက်များတွင် ခရီးသွားမှတ်တမ်း ကောက်ယူ စစ်ဆေးခြင်း၊ မြို့တွင်း လည့်လှည့် စစ်ဆေးခြင်း နှင့် ဈေးအတွင်း Mask တပ်ခြင်း ရှိမရှိ စစ်ဆေးခြင်းများကို အရှိန်အဟုန်တိုးမြှင့်၍ လုပ်ဆောင်နေလျက်ရှိကြောင်း သိရှိရသည်။ 
Tachileik News Agency
သတင်း/ဓါတ်ပုံ - အားချာ
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~