တာချီလိတ်မြို့တွင် လူငယ်တစ်ဦးအား ဆေးခြောက်(၂)ကီလိုနှင့်အတူ ဖမ်းမိရာမှ နောက်ထပ် (၃)ဦးကို ဖမ်းမိ

တာချီလိတ်မြို့တွင် လူငယ်တစ်ဦးအား ဆေးခြောက်(၂)ကီလိုနှင့်အတူ ဖမ်းမိရာမှ နောက်ထပ် (၃)ဦးကို ဖမ်းမိ

မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ပုံလို့လမ်းမပေါ်တွင် လူငယ်တစ်ဦးအား ဆေးခြောက်နှင့်အတူ ဖမ်းမိရာမှ ဆက်စပ်ပြီး  အမျိုးသား (၃)ဦးကို ထပ်မံ ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ပုံလို့လမ်းပေါ်တွင် ၂၀၂၁ခုနှစ် ဧပြီလ(၆)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်အချိန်က  စိုင်းဆိုင်လိန်သည် ဆိုင်ကယ်ဖြင့် ရောက်လာရာ ၎င်းအား ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရှာဖွေရာမှ အလေးချိန် (၂)ကီလိုဝန်းကျင်ရှိ ဆေးခြောက်ဆေးပြား (၂)တုံးကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဆေးခြောက်များအား မည်သူ့ဆီကနေ ယူဆောင်လာသည်ကို စစ်ဆေးပေါ်ပေါက်ချက်အရ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ (အတွင်း) ရှိ စိုင်းဆမ်ဝမ်း၏ နေအိမ်အား သွားရောက်ရှာဖွေရာ နေအိမ်တွင် စိုင်းဆမ်ဝမ်း၊ စိုင်းလုံရှဲန် နှင့်  စိုင်းအောင်ခမ်း၊ တို့ကို တွေ့ရှိရပြီး ၎င်းတို့နှင့်အတူ အလေးချိန် (၅၀၀)ဂရမ်ဝန်းကျင်ရှိသည့်  ဆေးခြောက်လည်း ရှာဖွေ သိမ်းဆည်းရမိကြောင်း သိရသည်။

ဆေးခြောက်များနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းဆိုင်လိန် အပါအဝင်  စိုင်းဆမ်ဝမ်း၊ စိုင်းလုံရှဲန် နှင့်  စိုင်းအောင်ခမ်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ထားကြောင်း သိရသည်။