တာချီလိတ်မြို့ တာလော့ရပ်ကွက်အတွင်း ကျောင်းသား ကျောင်းသူများအပါအ၀င် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း အမှိုက်ကောက်သန့်ရှင်းရေး ပြုလုပ်

တာချီလိတ်မြို့ တာလော့ရပ်ကွက်အတွင်း ကျောင်းသား ကျောင်းသူများအပါအ၀င် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း အမှိုက်ကောက်သန့်ရှင်းရေး ပြုလုပ်
ဇှနျ 8, 2019
By Tachileik News Agency


ယနေ့ ပြုလုပ်သည့် စုပေါင်းအမှိုက်ကောက်မှုတွင် တာလော့ကျောင်းမှ ကျောင်းသားကျောင်းသားများ ပါဝင်၍   ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်တွင်းနေ လူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး အမျိုးသမီးရေးရာအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့်   ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခပ်၊ လောင်း လုပ်ငန်းများကို လက်တွေ့ကွင်းဆင်းလုပ်ဆောင်ကာ အသိပညာပေးမှုနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်းလည်းသိရသည်။



နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ရပ်ကွက်များအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများရှိနေပြီး ရေမြောင်းများ၊ ချောင်းများတွင် အမှိုက်များပိတ်ဆို့သဖြင့် မိုးရာသီအတွင်း ရေကြီးရေလျှံမှုများကိုလည်း နှစ်စဉ်ကြုံတွေ့နေရခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် လူထုပူးပေါင်းပါဝင်သည့် စုပေါင်း အမှိုက်ကောက်သည့် အစီအစဉ်အား ၂၀၁၉ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့ နံနက် က တာလော့ရပ်ကွက်အတွင်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယနေ့ ပြုလုပ်သည့် စုပေါင်းအမှိုက်ကောက်မှုတွင် တာလော့ကျောင်းမှ ကျောင်းသားကျောင်းသားများ ပါဝင်၍ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်တွင်းနေ လူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး အမျိုးသမီးရေးရာအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအနဖြေင့် ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခပ်၊ လောင်း လုပ်ငန်းများကို လက်တွေ့ကွင်းဆင်းလုပ်ဆောင်ကာ အသိပညာပေးမှုနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်းလည်းသိရသည်။

တာချီလိတ်မြို့တွင်း လမ်းဘေးနှင့် ချောင်း၊မြောင်းများတွင် စည်းကမ်းမဲ့စွန့်ပစ်ထားသည့်အမှိုက်များအား စုပေါင်းရှင်းလင်းသည့် အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ မတ်လ ပထမပတ် စနေနေ့မှ စတင်ခဲ့ကာ ပထမ (၃) လပတ်တွင် အမှိုက်စနစ်တကျစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးနှင့် စည်းကမ်းမဲ့စွန့်ပစ်ထားသည့် အမှိုက်ကောက်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကာ သန့်ရှင်းသောရပ်ကွက်များကို ရွေးချယ်ပြီး ဆုပေး၊ဒဏ်ပေးစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

စုပေါင်းအမှိုက်ရှင်းလင်းခြင်းအစီအစဉ်ကို တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ရန်အောင်မြေရပ်ကွက်၊ ဆေခမ်းရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက်၊တာလော့ရပ်ကွက် နှင့် ပါဆပ်ရပ်ကွက် တို့တွင် အလှည့်ကျ ဆောင်ရွက်ကြခြင်းဖြစ်သည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ရပ်ကွက်များအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများရှိနပြေီး ရေမြောင်းများ၊ ချောင်းများတွင် အမှိုက်များပိတ်ဆို့သဖြင့် မိုးရာသီအတွင်း ရကြေီးရေလျှံမှုများကိုလည်း နှစ်စဉ်ကြုံတွေ့နေရခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net