တာချီလိတ် မီးသတ်တပ်ဖွဲ့က BHS ၏ ကျောင်းသား ကျောင်းသူများကို ဘေးအန္တရာယ်လျှော့ချရေး သရုပ်ပြကာ အသိပညာပေး

တာချီလိတ် မီးသတ်တပ်ဖွဲ့က BHS ၏ ကျောင်းသား ကျောင်းသူများကို ဘေးအန္တရာယ်လျှော့ချရေး သရုပ်ပြကာ အသိပညာပေး
မတ် 13, 2020
By Tachileik News Agency

တာချီလိတ် မီးသတ်တပ်ဖွဲ့က BHS ၏ ကျောင်းသား ကျောင်းသူများကို ဘေးအန္တရာယ်လျှော့ချရေး သရုပ်ပြကာ အသိပညာပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ သတ်ဦးစီးဌာနရုံးတွင် Bright House English School မှ ကျောင်းသား၊ ကျောင်းသူများ၏ ဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး လေ့လာရေးအဖြစ် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့က လာရောက်လေ့လာကြသည်။

လေ့လာရေး လာရောက်သည့် ကျောင်းသားကျောင်းသူများကို တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကိုကို ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးနှင့် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆောင်ရွက်ပုံများ၊ မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများနှင့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းသုံး ကိရိယာများ အသုံးပြုပုံများ၊  ပိုလန်နိုင်ငံထုတ် မီးငြှိမ်းသတ်ယာဉ်များ၊ ရှာဖွေ ကယ်ဆယ်ရေးယာဉ်များ အသုံးပြုနည်းအား လက်တွေ့ပြသခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ပြသကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်ခရိုင် မီးသတ်တပ်ဖွဲ့


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~