တာချီလိတ်မြို့မှ quarantine ထားသည့် (၁၉၀)ကျော်၏ ဓါတ်ခွဲနမူနာများကို တောင်ကြီးသို့ ပို့စစ်မည်ဖြစ်ပြီး အတည်ပြုလူနာနှင့် ထိတွေ့သူများကိုလည်း RDT ဖြင့် ဒုတိယအကြိမ် ထပ်စစ်မည်

တာချီလိတ်မြို့မှ quarantine ထားသည့် (၁၉၀)ကျော်၏ ဓါတ်ခွဲနမူနာများကို တောင်ကြီးသို့ ပို့စစ်မည်ဖြစ်ပြီး အတည်ပြုလူနာနှင့် ထိတွေ့သူများကိုလည်း RDT ဖြင့် ဒုတိယအကြိမ် ထပ်စစ်မည်
နိုဝင်ဘာ 24, 2020
By Tachileik News Agency
တာချီလိတ်မြို့မှ  quarantine ထားသည့် (၁၉၀)ကျော်၏ ဓါတ်ခွဲနမူနာများကို တောင်ကြီးသို့ ပို့စစ်မည်ဖြစ်ပြီး အတည်ပြုလူနာနှင့် ထိတွေ့သူများကိုလည်း RDT ဖြင့် ဒုတိယအကြိမ် ထပ်စစ်မည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အသွားအလာကန့်သတ်ထားသူ (၁၉၀)ကျော်၏ ဓာတ်ခွဲနမူနာများကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့၌ ရယူထားပြီး အတည်ပြုလူနာနှင့် ထိတွေ့သူ (၄၅)ဦးကိုလည်း နိုဝင်ဘာလ (၂၅)ရက်နေ့၌ ဒုတိယအကြိမ် RDT ဖြင့် ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
"ဒီနေ့ PCR အတွက် ဓာတ်ခွဲနမူနာယူတဲ့ (၁၉၀) ကျော်ကို တောင်ကြီးပို့တယ်။ နောက် အတည်ပြုလူနာနဲ့ ကားတစ်စီးထဲ အတူစီးလာသူတွေက တိုက်ရိုက်ထိတွေ့သူတွေဖြစ်တော့ မနက်ဖြန် RDT ထပ်စစ်မယ်။ သူတို့က လာတုန်းက ကားတစ်စီးထဲဆိုတော့ အရင်ကတည်းက quarantine ထားတယ်။ RDT စစ်ပြီးသားဆိုပေမဲ့ ထပ်စစ်မှာပေါ့။  ပဲခူးကလာတဲ့ကားက ကားသမားရော၊ တောင်ကြီးကလာတဲ့ကားက ကားသမားရော အကုန်စစ်ပြီးပြီ။ Negative ပဲ။"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့တွင် လမ်းလုပ်ငန်းဆောင်ရွက်ရန် ရောက်ရှိလာသည့် (၄၆)ဦးအဖွဲ့အား လမ်းလုပ်ငန်းဆောင်ရွက်မည့်နေရာအနီး၌ သီးခြားအသွားအလာကန့်သတ်ထားပြီး နိုဝင်ဘာလ (၂၂)ရက်နေ့က စစ်ဆေးရာ COVID 19 အတည်ပြုလူနာ (၁)ဦး  စစ်ဆေးတွေ့ရပြီး ကျန် (၄၅)ဦးတွင် ပထမအကြိမ် စစ်ဆေးမှုအတွင်း ပိုးမတွေ့ရသော်လည်း အသွားအလာ ဆက်လက်ကန့်သတ်ထားခြင်းဖြစ်သည်။
အဆိုပါ လမ်းလုပ်သား (၄၅)ဦးအဖွဲ့ကို နိုဝင်ဘာလ (၂၅)ရက်နေ့၌ RDT ဖြင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးပြီး PCR ဖြင့်လည်း ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံ COVID  19 လူနာကုသရေးဆောင်၌  အဆိုပါ လမ်းလုပ်သား အတည်ပြုလူနာအပြင် နိုဝင်ဘာလ (၁၇)ရက်နေ့က ရဲဝန်ထမ်းအတည်ပြုလူနာတစ်ဦးလည်း ကုသမှုခံယူနေခြင်းဖြစ်သည်။
ရဲဝန်ထမ်းမှာ ရန်ကုန်၌ COVID 19 ကုသမှုခံယူပြီးပြန်လာကာ quarantine ဝင်နေသူဖြစ်၍ အခြားထိတွေ့သူများမရှိဘဲ လူနာနှစ်ဦးလုံးမှာ ကျန်းမာရေးအခြေအနေကောင်းမွန်နေကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~