နယ်စပ်မြို့ တာချီလိတ်ရှိ အဝိုင်းပတ်တွင် အလှူရှင်များ ထည့်ဝင်မှုဖြင့် နာရီစင် တည်ဆောက်ရန် စီစဉ်နေ

နယ်စပ်မြို့ တာချီလိတ်ရှိ အဝိုင်းပတ်တွင် အလှူရှင်များ ထည့်ဝင်မှုဖြင့် နာရီစင် တည်ဆောက်ရန် စီစဉ်နေ
စက်တင်ဘာ 9, 2020
By Tachileik News Agency
နယ်စပ်မြို့ တာချီလိတ်ရှိ အဝိုင်းပတ်တွင် အလှူရှင်များ ထည့်ဝင်မှုဖြင့် နာရီစင် တည်ဆောက်ရန် စီစဉ်နေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ် (၁)တံတားထိပ်ရှိ အဝိုင်းပတ်တွင် အလှူရှင်များ၏ ပူးပေါင်းထည့်ဝင်မှုဖြင့် ကျပ်သန်း (၂၅၀) ကျော် (ဘတ် ၆ သန်း) ကုန်ကျမည့် နာရီစင်တည်ဆောက်ရန် စီစဉ်နေသည်။
"စည်ပင်သာယာရေးဝန်ကြီးက လမ်းညွှန်တာပေါ့။ နယ်စပ်ဒေသလည်းဖြစ်တယ်။ နာရီစင်လည်းမရှိဘူး။ အမှတ်(၁)တံတားထိပ်မှာလည်း အဝိုင်းပတ်လည်းရှိတော့ အဲဒီနေရာမှာ နာရီစင်ဆောက်မယ်ပေါ့။ အစိုးရ အထောက်အပံ့လည်းမရဘူး။ အလှူရှင်တွေရှာပြီး ဆောင်ရွက်သွားမှာပေါ့။ ကုန်ကျစရိတ်က ဘတ် (၆) သန်း (ကျပ်ငွေ သန်းပေါင်း ၂၅၀ ကျော်) လောက်ရှိမှာပေါ့"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာမှူး ဦးဖြိုးပြည့်ဟိဏ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့တွင် ပြောသည်။
တာချီလိတ်မြို့တွင် တည်ဆောက်မည့် အချင်း (၁၅) ပေပတ်လည်၊ အမြင့် ပေ (၅၀) ရှိသည့် နာရီစင်တည်ဆောက်ရန်အတွက် နာရီစင်တည်ဆောက်ရေးကော်မတီဖွဲ့စည်းပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
နာရီစင်ဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနရုံးသို့ လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင်လည်း မြို့၏အထင်ကရ အထိမ်းအမှတ် ဖြစ်စေရေးအတွက် နာရီစင်ကို လွိုင်မွေ ကုမ္ပဏီ၏ လှူဒါန်းမှုဖြင့် မြို့နယ် စည်ပင်ကော်မတီက ၂၀၂၀ ခုနှစ်၊ သြဂုတ်လအတွင်း ကြီးကြပ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
  Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~