တာချီလိတ်မြို့ နန်းရွှေကျင်း ရွှေဆိုင် (၃)တွင် ရွှေဝယ်ဟန်ဆောင်လာသည့် အမျိုးသမီးကြီးတစ်ဖွဲ့က ရွှေ(၄)ဘတ်သား ယူဆောင်သွား

တာချီလိတ်မြို့ နန်းရွှေကျင်း ရွှေဆိုင် (၃)တွင် ရွှေဝယ်ဟန်ဆောင်လာသည့် အမျိုးသမီးကြီးတစ်ဖွဲ့က ရွှေ(၄)ဘတ်သား ယူဆောင်သွား

နယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း ဆန်ဆိုင်းဟိုတယ်အနီးတွင် ဖွင့်လှစ်ထားသည့် နန်းရွှေကျင်း ရွှေဆိုင် အမှတ်(၃)တွင် ယနေ့ ဇွန်လ(၂၂)ရက်နေ့ နံနက်ပိုင်းက အမျိုးသမီးတစ်စုမှ ရွှေဝယ်ဟန်ဆောင်ကာ ရွှေ(၄)ဘတ်သား ယူဆောင်သွားကြောင်း သိရသည်။

နန်းရွှေကျင်း ရွှေဆိုင် အမှတ်(၃)တွင် ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၂၂)ရက်နေ့ နံနက်(၁၀)နာရီ (၁၉)မိနစ်ဝန်းကျင်အချိန်က ရွှေဝယ်ရန် ဟန်ဆောင်သည့် အမျိုးသမီးကြီးတစ်စု ရွှေဆိုင်သို့ ရောက်ရှိလာပြီး ရွှေထည်ပစ္စည်းများကို တစ်ခုပြီးတစ်ခုပြခိုင်းကာ ရွေးချယ်သယောင်ပြုလုပ်ပြီး ရွှေ(၂)ဘတ်သားရှိ ဆွဲကြိုး (၂)ကုံးကို ယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်လက်၍ စုံစမ်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

 

မှတ်ချက် - ရွှေ(၄)ဘတ်သားမှာ (၃)ကျပ်(၁၁)ပဲ ဝန်းကျင်ရှိကြောင်း သိရသည်။