တာခ်ီလိတ္တြင္ ေသြးလြန္တုပ္ေကြးေရာဂါကာကြယ္ေရး အတြက္ ဖံုး၊ သြန္၊ လဲ၊ စစ္ လုပ္ငန္းမ်ားက ပိုမိုအဆင္ေျပ

တာခ်ီလိတ္တြင္ ေသြးလြန္တုပ္ေကြးေရာဂါကာကြယ္ေရး အတြက္ ဖံုး၊ သြန္၊ လဲ၊ စစ္ လုပ္ငန္းမ်ားက ပိုမိုအဆင္ေျပ
ဇွန် 29, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေသြးလြန္တုပ္ေကြးေရာဂါကာကြယ္ေရးအတြက္ ျခင္ေဆးဖ်န္းျခင္းထက္ ဖံုး၊ သြန္၊ လဲ၊ စစ္ လုပ္ငန္းမ်ားက ပိုမို ထိေရာက္ေၾကာင္းသိရသည္။

"ကြၽန္ေတာ္တို႔ စေနေန႔တိုင္း ဒီဘက္ရပ္ကြက္ဝင္ရင္ က်န္တဲ့ရပ္ကြက္ေတြက ဘာမွမလုပ္သလိုျဖစ္ေနတယ္။ တစ္ပတ္ဆိုရင္ ပိုးေလာက္လန္းကေန ျခင္ျဖစ္ေနၿပီ။ လူတိုင္းလူတိုင္း။ အိမ္တိုင္းအိမ္တိုင္းက လုပ္ေနမွျခင္ ကင္းစင္ၿပီး ေသြးလြန္တုပ္ေကြးက မျဖစ္မွာ။ ျခင္ေဆးျဖန္းတာကို ကြၽန္ေတာ္တို႔က သိပ္အားမေပးဘူး။ ၾကာလာရင္ ဒီေကာင္ေတြက ခံႏိုင္ရည္ရိွလာမယ္။ ၾကာရင္မူးၿပီးျပဳတ္က်ၿပီးထျပန္တဲ့ အေနအထားျဖစ္မွာေပါ့"ဟု တာခ်ီလိတ္ခ႐ိုင္ ခုတင္(၁၀၀)ဆံ့ေဆး႐ံုအုပ္ႀကီး ေဒါက္တာေရႊဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ေသြးလြန္တုပ္ေကြးကာကြယ္ေရးအေနျဖင့္ အပတ္စဥ္စေနေန႔တိုင္း ရပ္ကြက္အလိုက္  ဖံုး၊ သြန္၊ လဲ၊ စစ္ လုပ္ငန္းမ်ားကို ဌာနဆိုင္ရာမ်ားႏွင့္ ပူးေပါင္းၿပီး ေဆာင္ရြက္ေနသလို က်န္းမာေရးဌာနမွ ဝန္ထမ္းမ်ားကလည္း ေန႔စဥ္ေဆာင္ရြက္ေနေၾကာင္း ႏွင့္ ေသြးလြန္တုပ္ေကြးျဖစ္ပြားသည့္ အိမ္အနီး ကိုက္ (၁၀၀) အတြင္း ျခင္ေဆးျဖန္းျခင္းမ်ား ေဆာင္ရြက္ေနေၾကာင္း သိရသည္။

"ျခင္ေဆးျဖန္းရင္လည္း အလည္ကေန အျပင္ဘက္ကိုျဖန္းတာမ်ဳိး မလုပ္ရဘူး။  အျပင္ကေန အလယ္ကိုျဖန္းတာမ်ဳိးလုပ္ရတယ္။ ဒါမွ ေလးဘက္ေလးလံ တျဖည္းျဖည္းတက္ၿပီး အလယ္မွာလာစုတဲ့ေကာင္ကို ျဖန္းတာေပါ့။ အလယ္ကေနေဘးဖက္ကိုျဖန္းရင္ ေဘးကိုျခင္ေတြပ်ံ႕သြားေအာင္လုပ္သလိုျဖစ္တာေပါ့။  ျခင္က ကိုက္ (၁၀၀)  ပ်ံႏိုင္တာဆိုေတာ့ ျဖစ္တဲ့အိမ္က်ဳအလယ္မွာထားၿပီး ကိုက္(၁၀၀) ကေန ပတ္ျဖန္းတာေပါ့"ဟု ေဒါက္တာေရႊဝင္းကေျပာသည္။

တာခ်ီလိတ္ၿမိဳ့တြင္ အပတ္စဥ္စုေပါင္းအမွိုက္ေကာက္အစီအစဥ္ျဖင့္ ဌာနဆိုင္ရာမ်ား၊ လူမွုေရးအသင္းအဖြဲ႕မ်ား၊ ရပ္ကြက္အလိုက္ျပည္သူမ်ား ပူးေပါင္းပါဝင္သည့္အဖြဲ႕ကလည္း ၂၀၁၉ ခုႏွစ္ ဇြန္လ (၂၉) ရက္ေန႔တြင္ က်န္းမာေရးဝန္ထမ္းမ်ား၏ ေသြးလြန္တုပ္ေကြးပညာေပးအစီအစဥ္ႏွင့္အတူ ပူးေပါင္းေဆာင္ရြက္ေပးျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ့နယ္အတြင္း ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမွုမွာ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလတြင္ (၆) ဦး၊ ေဖေဖာ္ဝါရီလတြင္ (၆) ဦး၊ မတ္လတြင္(၁) ဦး၊ ဧၿပီလတြင္ (၁) ဦး၊ ေမလတြင္ (၂၁) ဦး၊ ဇြန္လတြင္ (၂၂) ရက္ေန႔အထိ (၃၅) ဦးျဖစ္ပြားခဲ့ၿပီး ႏွစ္အလိုက္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမွုမွာ ၂၀၁၄ ခုႏွစ္တြင္ (၄) ဦး၊ ၂၀၁၅ ခုႏွစ္တြင္ (၁၈) ဦး၊ ၂၀၁၆ ခုႏွစ္တြင္ (၅၇) ဦး၊ ၂၀၁၇ ခုႏွစ္တြင္ (၁၅၈) ဦး၊ ၂၀၁၈ ခုႏွစ္တြင္ (၄၅၄) ဦး ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းထက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများက ပိုမို ထိရောက်ကြောင်းသိရသည်။

"ကျွန်တော်တို့ စနေနေ့တိုင်း ဒီဘက်ရပ်ကွက်ဝင်ရင် ကျန်တဲ့ရပ်ကွက်တွေက ဘာမှမလုပ်သလိုဖြစ်နေတယ်။ တစ်ပတ်ဆိုရင် ပိုးလောက်လန်းကနေ ခြင်ဖြစ်နပြေီ။ လူတိုင်းလူတိုင်း။ အိမ်တိုင်းအိမ်တိုင်းက လုပ်နေမှခြင် ကင်းစင်ပြီး သွေးလွန်တုပ်ကွေးက မဖြစ်မှာ။ ခြင်ဆေးဖြန်းတာကို ကျွန်တော်တို့က သိပ်အားမပေးဘူး။ ကြာလာရင် ဒီကောင်တွေက ခံနိုင်ရည်ရှိလာမယ်။ ကြာရင်မူးပြီးပြုတ်ကျပြီးထပြန်တဲ့ အနေအထားဖြစ်မှာပေါ့"ဟု တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့တွင် သွေးလွန်တုပ်ကွေးကာကွယ်ရေးအနဖြေင့် အပတ်စဉ်စနေနေ့တိုင်း ရပ်ကွက်အလိုက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ဆောင်ရွက်နေသလို ကျန်းမာရေးဌာနမှ ဝန်ထမ်းများကလည်း နေ့စဉ်ဆောင်ရွက်နေကြောင်း နှင့် သွေးလွန်တုပ်ကွေးဖြစ်ပွားသည့် အိမ်အနီး ကိုက် (၁၀၀) အတွင်း ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

"ခြင်ဆေးဖြန်းရင်လည်း အလည်ကနေ အပြင်ဘက်ကိုဖြန်းတာမျိုး မလုပ်ရဘူး။ အပြင်ကနေ အလယ်ကိုဖြန်းတာမျိုးလုပ်ရတယ်။ ဒါမှ လေးဘက်လေးလံ တဖြည်းဖြည်းတက်ပြီး အလယ်မှာလာစုတဲ့ကောင်ကို ဖြန်းတာပေါ့။ အလယ်ကနေဘေးဖက်ကိုဖြန်းရင် ဘေးကိုခြင်တွေပျံ့သွားအောင်လုပ်သလိုဖြစ်တာပေါ့။ ခြင်က ကိုက် (၁၀၀) ပျံနိုင်တာဆိုတော့ ဖြစ်တဲ့အိမ်ကျုအလယ်မှာထားပြီး ကိုက်(၁၀၀) ကနေ ပတ်ဖြန်းတာပေါ့"ဟု ဒေါက်တာရွှေဝင်းကပြောသည်။

တာချီလိတ်မြို့တွင် အပတ်စဉ်စုပေါင်းအမှိုက်ကောက်အစီအစဉ်ဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အလိုက်ပြည်သူများ ပူးပေါင်းပါဝင်သည့်အဖွဲ့ကလည်း ၂၀၁၉ ခုနှစ် ဇွန်လ (၂၉) ရက်နေ့တွင် ကျန်းမာရေးဝန်ထမ်းများ၏ သွေးလွန်တုပ်ကွေးပညာပေးအစီအစဉ်နှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် (၆) ဦး၊ ဖေဖော်ဝါရီလတွင် (၆) ဦး၊ မတ်လတွင်(၁) ဦး၊ ဧပြီလတွင် (၁) ဦး၊ မေလတွင် (၂၁) ဦး၊ ဇွန်လတွင် (၂၂) ရက်နေ့အထိ (၃၅) ဦးဖြစ်ပွားခဲ့ပြီး နှစ်အလိုက် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ ၂၀၁၄ ခုနှစ်တွင် (၄) ဦး၊ ၂၀၁၅ ခုနှစ်တွင် (၁၈) ဦး၊ ၂၀၁၆ ခုနှစ်တွင် (၅၇) ဦး၊ ၂၀၁၇ ခုနှစ်တွင် (၁၅၈) ဦး၊ ၂၀၁၈ ခုနှစ်တွင် (၄၅၄) ဦး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net