တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ ဇန်နဝါရီလ(၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်အတွက် ပြင်ဆင်

ဇန်နဝါရီ 27, 2020
By Tachileik News Agency

 တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ ဇန်နဝါရီလ(၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်အတွက် ပြင်ဆင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် လားဟူတိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေကြပြီဖြစ်သည်။

ရှမ်းရိုးမကွင်းအတွင်း ကျင်းပမည့် (၁၇) ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်တွင် ကံစမ်းမဲ အစီအစဉ်များ၊ လားဟူရိုးရာ မြေဝိုင်းအက၊ ရိုးရာဂျင်ပေါက်ပြိုင်ပွဲနှင့် ဂုံညှင်းဒိုးပစ်ပြိုင်ပွဲစသည့် ရိုးရာအားကစားနည်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်တွင် လားဟူတိုင်းရင်းသားရိုးရာ အဝတ်အထည်များနှင့်အသုံးအဆောင်ပစ္စည်းများလည်း ပွဲတော်ပြင်ဆင်သည့် နေကစ၍ ရောင်းချပေးနေကြောင်းသိရသည်။

လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်တွင် လားဟူရိုးရာအဆိုတော်များအပြင် Myanmar Idol Season-4 မှ အက်စ်တာ၊ တန်ခွန်ကျော်၊ မူးလာ၊ နော်စေးစေးထူးနှင့် တရုတ်နိုင်ငံမှ လားဟူရိုးရာ အဆို၊ အကအဖွဲ့များမှလည်း လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~