အဂတိမွုျဖင့္ ထြက္ေျပးတိမ္းေရွာင္ေနသည့္ ေပါက္ၿမိဳ့နယ္ရဲတပ္ဖြဲ႔မွဴးႏွင့္ မွုခင္းတပ္ဖြဲ႔မွ ရဲအရာရွိတစ္ဦးတို႔ကို တစ္လနီးပါးၾကာသည္အထိ ဖမ္းဆီးရမိျခင္း မရိွေသး

အဂတိမွုျဖင့္ ထြက္ေျပးတိမ္းေရွာင္ေနသည့္ ေပါက္ၿမိဳ့နယ္ရဲတပ္ဖြဲ႔မွဴးႏွင့္ မွုခင္းတပ္ဖြဲ႔မွ ရဲအရာရွိတစ္ဦးတို႔ကို တစ္လနီးပါးၾကာသည္အထိ ဖမ္းဆီးရမိျခင္း မရိွေသး
ဇွန် 29, 2019
By Tachileik News Agency

ေက်းရြာရန္ပုံေငြႏွင့္ပတ္သက္၍ အဂတိမွုျဖင့္ အမွုဖြင့္ခံထားရသူ(၃)ဦးအနက္ မေကြးတိုင္းေဒသႀကီး ေပါက္ၿမိဳ့နယ္ အုပ္ခ်ဳပ္ေရးမွူးအား ၂၀၁၉ ခုႏွစ္၊ ဇြန္လ(၇)ရက္ ညေနပိုင္းက ဖမ္းဆီးရမိခဲ့ေသာ္လည္း ယခင္ေပါက္ၿမိဳ့နယ္ရဲတပ္ဖြဲ႔ မွဴးႏွင့္ ယခင္ ပခုကၠဴၿမိဳ့ မွုခင္းရဲတပ္ဖြဲ႔မွ ရဲအုပ္အဆင့္ ရွိသူတို႔အား ယေန႔ ဇြန္လ(၂၉)ရက္ေန႔အထိ ဖမ္းဆီးရမိျခင္းမရိွ ေသးေၾကာင္း သိရသည္။

“ထြက္ေျပးတိမ္းေရွာင္ေနတဲ့ (ယခင္)ၿမိဳ့နယ္ရဲ တပ္ဖြဲ႔မွူးနဲ႔ (ယခင္)ပခုကၠဴ မွႈခင္းတပ္ဖြဲ႔က ရဲအရာရွိတို႔ကို ဒီေန႔အထိ  ဖမ္းဆီးရမိျခင္းမရွိေသးပါဘူး။ ဖမ္းဆီးရမိေရးအတြက္ စံုစမ္းေဆာင္ရြက္ေနဆဲပါ”ဟု ေပါက္ၿမိဳ့မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ေဇယ်ာသန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္လ(၂၉)ရက္ေန႔တြင္ ေျပာသည္။

ေရနံလက္ယက္တြင္းလုပ္ငန္းမ်ားမွရရွိေသာ သရက္ကန္ေက်းရြာရန္ပုံေငြ က်ပ္သိန္းေပါင္း (၉,၇၀၀)ေက်ာ္ ႏွင့္ပတ္သက္၍ ေငြစာရင္းရွင္းတမ္းေတာင္းခံၾကရာမွ အဂတိလိုက္စားမွုကို စစ္ေဆးေတြ႕ရွိရသျဖင့္ ယင္းအဂတိမႈကို က်ဴးလြန္သည္ဟု သံသယရိွသူမ်ားျဖစ္ၾကသည့္ ေပါက္ၿမိဳ့နယ္အုပ္ခ်ဳပ္ေရးမွူး ဦးေက်ာ္စြာအုန္း၊ (ယခင္) ေပါက္ၿမိဳ့ နယ္ရဲတပ္ဖြဲ႕မွူး ရဲမွူး ေဇာ္ဝင္းေရႊ (လက္ရွိ) စစ္ကိုင္းတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွူး႐ုံးႏွင့္  (ယခင္) ပခုကၠဴၿမိဳ့ မွုခင္းရဲ တပ္ဖြဲ႔မွ ရဲအုပ္သန္းေဇာ္(လက္ရွိ) မွုခင္းရဲတပ္ဖြဲ႔မွူး႐ုံး၊ ေနျပည္ေတာ္ တို႔(၃)ဦးအနက္ ေပါက္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွူး ကို ဇြန္လ(၇)ရက္ေန႔တြင္ ဖမ္းဆီးရမိခဲ့ေသာ္လည္း ရဲမွူးေဇာ္ဝင္းေရႊႏွင့္ ရဲအုပ္သန္းေဇာ္တို႔မွာ ထြက္ေျပးတိမ္း ေရွာင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အဂတိလိုက္စားမွုကို ၿမိဳ့နယ္အဆင့္မွ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလတြင္ ခရိုင္အဆင့္ႏွင့္ ၂၀၁၈ခုႏွစ္ ဇန္နဝါရီလတြင္ တိုင္းေဒသႀကီးအစိုးရအဆင့္သို႔ တိုင္ၾကားခဲ့ေသာ္လည္း သရက္ကန္ေက်းရြာေက်းရြာအုပ္ခ်ဳပ္ေရးမွူးကို တာဝန္မွ ရပ္နားေစခဲ့သည့္ အေရးယူမွုသာ ျပဳလုပ္ခဲ့သျဖင့္ ၂၀၁၈ခု ၾသဂုတ္လ(၂၉)ရက္ေန႔တြင္ အဂတိ လိုက္စားမွု တိုက္ဖ်က္ေရးေကာ္မရွင္ဆီသို႔ တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သရက္ကန္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွူး ဦးေဇာ္မင္းဦး လက္ထက္ ၂၀၁၆ ခုႏွစ္ႏွင့္ ၂၀၁၇ ခုႏွစ္မ်ားတြင္ ရန္ပုံေငြ က်ပ္သိန္းေပါင္း(၉,၇၀၀)ေက်ာ္ရရွိခဲ့ရာ စာရင္းရွင္းေပးရန္ ေတာင္းဆိုရာတြင္ ခရိုင္၊ ၿမိဳ့နယ္ ဌာနဆိုင္ရာမ်ား မွ တာဝန္ရွိသူမ်ားသို႔ မည္၍ မည္မၽွေပးရေၾကာင္းသာ ရွင္းလင္းေျပာၾကားခဲ့ၿပီး ဘဏ္အပ္ေငြ က်ပ္သိန္း(၅၀၀အပါအဝင္ စုစုေပါင္းရန္ပုံေငြ က်ပ္သိန္း(၁,ဝဝဝ) ေက်ာ္အား ရွင္းလင္းျခင္းမရိွသျဖင့္ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၂၉) ရက္ေန႔တြင္ အဂတိလိုက္စားမွုတိုက္ဖ်က္ေရး ေကာ္မရွင္သို႔ တိုင္တန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း -  ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကျေးရွာရန်ပုံငွေနှင့်ပတ်သက်၍ အဂတိမှုဖြင့် အမှုဖွင့်ခံထားရသူ(၃)ဦးအနက် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူးအား ၂၀၁၉ ခုနှစ်၊ ဇွန်လ(၇)ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့သော်လည်း ယခင်ပေါက်မြို့နယ်ရဲတပ်ဖွဲ့ မှူးနှင့် ယခင် ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ်အဆင့် ရှိသူတို့အား ယနေ့ ဇွန်လ(၂၉)ရက်နေ့အထိ ဖမ်းဆီးရမိခြင်းမရှိ သေးကြောင်း သိရသည်။

“ထွက်ပြေးတိမ်းရှောင်နေတဲ့ (ယခင်)မြို့နယ်ရဲ တပ်ဖွဲ့မှူးနဲ့ (ယခင်)ပခုက္ကူ မှုခင်းတပ်ဖွဲ့က ရဲအရာရှိတို့ကို ဒီနေ့အထိ ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။ ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်နေဆဲပါ”ဟု ပေါက်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဇေယျာသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၉)ရက်နေ့တွင် ပြောသည်။

ရေနံလက်ယက်တွင်းလုပ်ငန်းများမှရရှိသော သရက်ကန်ကျေးရွာရန်ပုံငွေ ကျပ်သိန်းပေါင်း (၉,၇၀၀)ကျော် နှင့်ပတ်သက်၍ ငွေစာရင်းရှင်းတမ်းတောင်းခံကြရာမှ အဂတိလိုက်စားမှုကို စစ်ဆေးတွေ့ရှိရသဖြင့် ယင်းအဂတိမှုကို ကျူးလွန်သည်ဟု သံသယရှိသူများဖြစ်ကြသည့် ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်း၊ (ယခင်) ပေါက်မြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းရွှေ (လက်ရှိ) စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် (ယခင်) ပခုက္ကူမြို့ မှုခင်းရဲ တပ်ဖွဲ့မှ ရဲအုပ်သန်းဇော်(လက်ရှိ) မှုခင်းရဲတပ်ဖွဲ့မှူးရုံး၊ နပြေည်တော် တို့(၃)ဦးအနက် ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ကို ဇွန်လ(၇)ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သော်လည်း ရဲမှူးဇော်ဝင်းရွှေနှင့် ရဲအုပ်သန်းဇော်တို့မှာ ထွက်ပြေးတိမ်း ရှောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အဂတိလိုက်စားမှုကို မြို့နယ်အဆင့်မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ခရိုင်အဆင့်နှင့် ၂၀၁၈ခုနှစ် ဇန်နဝါရီလတွင် တိုင်းဒေသကြီးအစိုးရအဆင့်သို့ တိုင်ကြားခဲ့သော်လည်း သရက်ကန်ကျေးရွာကျေးရွာအုပ်ချုပ်ရေးမှူးကို တာဝန်မှ ရပ်နားစေခဲ့သည့် အရေးယူမှုသာ ပြုလုပ်ခဲ့သဖြင့် ၂၀၁၈ခု သြဂုတ်လ(၂၉)ရက်နေ့တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆီသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သရက်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဦး လက်ထက် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် ရန်ပုံငွေ ကျပ်သိန်းပေါင်း(၉,၇၀၀)ကျော်ရရှိခဲ့ရာ စာရင်းရှင်းပေးရန် တောင်းဆိုရာတွင် ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ မှ တာဝန်ရှိသူများသို့ မည်၍ မည်မျှပေးရကြောင်းသာ ရှင်းလင်းပြောကြားခဲ့ပြီး ဘဏ်အပ်ငွေ ကျပ်သိန်း(၅၀၀အပါအဝင် စုစုပေါင်းရန်ပုံငွေ ကျပ်သိန်း(၁,ဝဝဝ) ကျော်အား ရှင်းလင်းခြင်းမရှိသဖြင့် ၂၀၁၈ခုနှစ် သြဂုတ်လ(၂၉) ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net