တာချီလိတ်မြို့တွင် စကားများရန်ဖြစ်ရာက အသက်(၁၅)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံး

တာချီလိတ်မြို့တွင် စကားများရန်ဖြစ်ရာက အသက်(၁၅)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)အတွင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပြီး အသက်(၁၅)နှစ် ဝန်းကျင်အရွယ် မိန်းကလေးငယ် တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

၂၀၂၂ခုနှစ် ဧပြီလ(၁၁)ရက်နေ့ ည(၉)နာရီကျော်အချိန်က ဖြစ်ပွားခြင်းဖြစ်ပြီး အတူနေ အမျိုးသမီးကြီးက စကားများရန်ဖြစ်ပြီး အသက်(၁၅)ဝန်းကျင်အရွယ် မိန်းကလေးငယ်ကို ဓါးဖြင့် ထိုးလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

"ဓါးထိုးမှုဖြစ်ပြီး (၁)နာရီလောက်ကြာတော့မှ ရဲတွေ၊ စစ်သားတွေရောက်လာတယ်။ ရဲတွေက ခြံစည်းရိုးကို ကျော်ဝင်ပြီးတော့မှ သူ့ကို ဖမ်းသွားတာ။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဓါးဖြင့်ထိုးသူ အသက်(၄၀)ကျော်အရွယ် အမျိုးသမီးကို ဓါးဖြင့်ထိုးခံရသည့် သားအမိ(၂)ဦးက နေအိမ်တွင် ခေါ်နေထားခြင်းဖြစ်သည်ဟု သိရပြီး မည်သည့် အတွက်ကြောင့် စကားများရန်ဖြစ်သည်ကိုတော့  မသိရပေ။

လက်ရှိတွင် ၎င်းအား ဖမ်းဆီးထားပြီး စစ်ကြောရေး ပြုလုပ်နေသည်ဟု သိရသည်။