တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း လယ်ဧက (၉၀)ကျော်ဝန်းကျင် ရေနစ်မြုပ်

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း လယ်ဧက (၉၀)ကျော်ဝန်းကျင် ရေနစ်မြုပ်
စက်တင်ဘာ 24, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း လယ်ဧက (၉၀)ကျော်ဝန်းကျင် ရေနစ်မြုပ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေကျဆင်းမှုကြောင့် မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ ဝေလုရွာရှိ စပါးစိုက်ထားသည့် လယ်ဧက (၉၀) ကျော်ဝန်းကျင် ရေနစ်မြုပ်သွားသည်။
“မိုင်းဖုန်းသွားတဲ့ လမ်းဘေးက ကွင်းအမှတ်(၃၀)က လယ်ဧက (၉၀)ကျော်တော့ ရေအောက်လုံးလုံးမြုပ်သွားတယ်။ ကတ္တရာလမ်းတောင် ရေကျော်တယ်ဆိုတော့ လယ်က အောက် (၆)ပေဝန်းကျင်လောက်မှာ ရှိတာလေ။ လယ်တွေက ရေအောက်ရောက်နေတာ။ ရေက (၂)ရက်၊ (၃)ရက်လောက်အတွင်း စပါးခင်းပြန်ပေါ်လာရင်တော့  နည်းနည်းပါးပါး ထိခိုက်မှု ရှိကောင်းရှိနိုင်တာပေါ့။ သေချာတော့ ပြောလို့မရသေးဘူး။”ဟု စိုက်ပျိုးရေးဦးစီးဌာန တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းဖုန်း (ခ) ကျေးရွာအုပ်စုအတွင်း တောင်ကျရေကျဆင်းမှုကြောင့် စပါးစိုက်ခင်းများ ရေနစ်မြုပ်သွားသည့်အပြင် လမ်းပေါ်အထိ ရေကျော်ခဲ့ခြင်းဖြစ်သည်။
စပါးစိုက်ခင်းများ ရေနစ်မြုပ်နေသည့်အခြေအနေကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်သည်ကိုလည်း တွေ့ရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~