တာချီလိတ်၌ ကျင်းပသည့် လားဟူတိုင်းရင်းသား နှစ်သစ်ကူးပွဲတော်တွင် လားဟူမျိုးနွယ်စု (၆) ခု၏ ရိုးရာအိမ်များ ထည့်သွင်းပြသခဲ့

တာချီလိတ်၌ ကျင်းပသည့် လားဟူတိုင်းရင်းသား နှစ်သစ်ကူးပွဲတော်တွင် လားဟူမျိုးနွယ်စု (၆) ခု၏ ရိုးရာအိမ်များ ထည့်သွင်းပြသခဲ့
ဇန်နဝါရီ 30, 2020
By Tachileik News Agency
တာချီလိတ်၌ ကျင်းပသည့် လားဟူတိုင်းရင်းသား နှစ်သစ်ကူးပွဲတော်တွင် လားဟူမျိုးနွယ်စု (၆) ခု၏ ရိုးရာအိမ်များ ထည့်သွင်းပြသခဲ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျင်းပသည့် လားဟူရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်တွင် လားဟူတိုင်းရင်းသားများထဲမှ မျိုးနွယ်စု (၆) စု၏ ရိုးရာနေအိမ်များထည့်သွင်းပြသထားသည်။

"ဒါရှေးဘိုးဘွားတွေရဲ့ လက်ရာလေးကို ဖော်ထုတ်ထားတာပါ။ ဒါဖြစ်သင့်တဲ့အရာ။ မလုပ်နိုင်တာပဲရှိတယ်။ ဒီထက်မက ဖော်ထုတ်ဖို့အတွက် ညှိနှိုင်းနေပါတယ်။ လားဟူလူမျိုးနွယ်တွေက တစ်အိမ်နဲ့တစ်အိမ် မတူပါဘူး။ ဒီလိုမျိုးတွေ တိုင်းရင်းသားပြည်သူတွေကို ဖော်ပြခြင်းက တကယ်တမ်း လားဟူဂုဏ်တစ်ခုကို ဖော်ထုတ်တာနဲ့ အတူတူပါပဲ"

ဟု လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားဟူရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော်တွင် လားဟူနက် (အင်္ကျီရှည်)၊ လားဟူကူလောင်း၊ လားဟူကော်နဲ၊ လားဟူနီ၊ လားဟူဘာလား၊ လားဟူကိုင်ရှီလူမျိုးများ၏ ရိုးရာနေအိမ်၊ အသုံးအဆောင်များကို ထည့်သွင်းပြသခဲ့ခြင်း ဖြစ်သည်။

လားဟူတိုင်းရင်းသားများသည် ၁၉၅၁ ခုနှစ်မတိုင်မီအချိန်အထိ တောင်ပေါ်ဒေသများတွင် အိမ်တန်းရှည်များ ဆောက်လုပ်ပြီး အိမ်ထောင်စုအများအပြား စုပေါင်းနေထိုင်ခဲ့ကြပြီး နောက်ပိုင်းတွင် အိမ်ထောင်စုတစ်စုလျှင် သီးခြားအိမ်တစ်လုံးစီ ဆောက်လုပ်နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ  - ကျော်ဇင်ဟိန်း


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~