တာခ်ီလိတ္ၿမို႕ ပံုလို႔(ၿမို႕မ)သုသာန္သစ္သြားရာ လမ္းမႀကီးတစ္ေလွ်ာက္ႏွင့္ အေဆာက္အဦးတစ္၀ိုက္တြင္ သစ္ပင္ေပါင္း (၆၀၀၀) ေက်ာ္စိုက္ပ်ိဳးသြားမည္

တာခ်ီလိတ္ၿမို႕ ပံုလို႔(ၿမို႕မ)သုသာန္သစ္သြားရာ လမ္းမႀကီးတစ္ေလွ်ာက္ႏွင့္ အေဆာက္အဦးတစ္၀ိုက္တြင္ သစ္ပင္ေပါင္း (၆၀၀၀) ေက်ာ္စိုက္ပ်ိဳးသြားမည္
ဇွန် 5, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ပံုလို႔(ၿမို႕မ)သုသာန္သစ္သြားရာ အရွည္ (၁) မိုင္ခြဲခန္႔ရိွ လမ္းမႀကီးတစ္ေလွ်ာက္ႏွင့္ ေတာင္ေပၚရိွ သုသာန္ေျမ အေဆာက္အဦးပတ္ဝန္းက်င္တြင္ သစ္ပင္ေပါင္း (၆၀၀၀) ေက်ာ္ခန္႔ကို မိုးတြင္းကာလအတြင္း စိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"တက္လာတဲ့ လမ္းေဘးဝဲယာမွာလည္း ေျမသားရိွတဲ့ေနရာေတြမွာ အပင္ေပါင္း (၆၀၀၀) ေလာက္စိုက္ဖို႔ရိွတယ္။ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕၊ မဇၨိမလူမႈကူညီေရးအသင္းနဲ႔ သစ္ေတာဌာနကလည္း လာၾကည့္ထားပါတယ္။ သူတို႔ကလည္း စိုက္မယ္။ ကၽြန္ေတာ္တို႔က ဒီေပၚမွာ စိမ္းလန္းစိုေျပဖို႔အတြက္ ပန္းဥယ်ာဥ္ေတြလည္းပါေအာင္ လုပ္ထားတဲ့အတြက္ ေကာ္မတီကလည္း စိန္ပန္းပ်ိဳးပင္ အပင္ (၂၀၀) ကိုေႏြရာသီကတည္းကဝယ္ၿပီး ပ်ိဳးဥယ်ာဥ္မွာ စုေဆာင္းထားရိွပါတယ္။ ဒီအေပၚမွာ အျခားအျခားေသာ ပန္းပင္ေတြ အရိပ္ရပင္ေတြထပ္ၿပီးစိုက္မယ္။ အပင္ေသးေလးေတြစိုက္မယ္ဆိုရင္ ႏွစ္နည္းနည္းၾကာမွာျဖစ္တဲ့အတြက္ အေဆာက္အဦးေတြေရွ႕မွာ လူတစ္ရပ္ေက်ာ္ေက်ာ္ရိွတဲ့ ပ်ိဳးပင္ေတြဝယ္စိုက္မယ္"ဟု ပံု႔လို႔(ၿမို႕မ)သုသာန္တည္ေဆာက္ေရးအဖြဲ႕ ဥကၠဌျဖစ္သူ ဒုရဲမွဴး စံသိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ပံုလို႔(ၿမို႕မ)သုသာန္သစ္ကို ပံုလို႔ဆရာေတာ္မွ စြန္႔ႀကဲလွဴဒါန္းထားသည့္ ေတာင္ေပၚေျမ (၁၆)ဧကေက်ာ္တြင္ ေတာင္ထိပ္အျမင့္(၁၅) ေပခန္႔အား တူးကာေျမညိႇေဆာင္ရြက္ေနျခင္းျဖစ္ၿပီး မတ္လကုန္က မိုးရြာသြန္းခ်ိန္တြင္ ေျမၿပိုမႈမ်ားျဖစ္ေပၚသျဖင့္ ျပဳျပင္မႈမ်ားလုပ္ေဆာင္ေနရျခင္းျဖစ္သည္။

လူမ်ိဳးမေရြး မီးသၿဂိဳလ္ၿပီး အရိုးအိုးျမဳပ္ႏွံႏိုင္မည့္ သုႆာန္သစ္ တည္ေဆာက္ေရးအတြက္ တာခ်ီလိတ္ၿမိဳ႕မွ လုပ္ငန္းရွင္ ဦးအားဖာက မတည္ေငြလွဴဒါန္းေငြျဖင့္စတင္ၿပီး ၿမိဳ႕လူထုက ပူးေပါင္းလွဴဒါန္းေငြမ်ား ထည့္ဝင္လာရာ လက္ရိွတြင္ စုစုေပါင္း လွဴဒါန္းေငြ ဘတ္သိန္း (၁၄၀)ေက်ာ္ျဖင့္ ေကာ္မတီက လုပ္ငန္းမ်ားေဆာင္ရြက္ေနျခင္းျဖစ္သည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု #ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့ ပုံလို့(မြို့မ)သုသာန်သစ်သွားရာ လမ်းမကြီးတစ်လျှောက်နှင့် အဆောက်အဦးတစ်ဝိုက်တွင် သစ်ပင်ပေါင်း (၆၀၀၀) ကျော်စိုက်ပျိုးသွားမည်
********************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ပုံလို့(မြို့မ)သုသာန်သစ်သွားရာ အရှည် (၁) မိုင်ခွဲခန့်ရှိ လမ်းမကြီးတစ်လျှောက်နှင့် တောင်ပေါ်ရှိ သုသာန်မြေ အဆောက်အဦးပတ်ဝန်းကျင်တွင် သစ်ပင်ပေါင်း (၆၀၀၀) ကျော်ခန့်ကို မိုးတွင်းကာလအတွင်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

"တက်လာတဲ့ လမ်းဘေးဝဲယာမှာလည်း မြေသားရှိတဲ့နေရာတွေမှာ အပင်ပေါင်း (၆၀၀၀) လောက်စိုက်ဖို့ရှိတယ်။ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၊ မဇ္ဇိမလူမှုကူညီရေးအသင်းနဲ့ သစ်တောဌာနကလည်း လာကြည့်ထားပါတယ်။ သူတို့ကလည်း စိုက်မယ်။ ကျွန်တော်တို့က ဒီပေါ်မှာ စိမ်းလန်းစိုပြေဖို့အတွက် ပန်းဥယျာဉ်တွေလည်းပါအောင် လုပ်ထားတဲ့အတွက် ကော်မတီကလည်း စိန်ပန်းပျိုးပင် အပင် (၂၀၀) ကိုနွေရာသီကတည်းကဝယ်ပြီး ပျိုးဥယျာဉ်မှာ စုဆောင်းထားရှိပါတယ်။ ဒီအပေါ်မှာ အခြားအခြားသော ပန်းပင်တွေ အရိပ်ရပင်တွေထပ်ပြီးစိုက်မယ်။ အပင်သေးလေးတွေစိုက်မယ်ဆိုရင် နှစ်နည်းနည်းကြာမှာဖြစ်တဲ့အတွက် အဆောက်အဦးတွေရှေ့မှာ လူတစ်ရပ်ကျော်ကျော်ရှိတဲ့ ပျိုးပင်တွေဝယ်စိုက်မယ်"ဟု ပုံ့လို့(မြို့မ)သုသာန်တည်ဆောက်ရေးအဖွဲ့ ဥက္ကဌဖြစ်သူ ဒုရဲမှူး စံသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ပုံလို့(မြို့မ)သုသာန်သစ်ကို ပုံလို့ဆရာတော်မှ စွန့်ကြဲလှူဒါန်းထားသည့် တောင်ပေါ်မြေ (၁၆)ဧကကျော်တွင် တောင်ထိပ်အမြင့်(၁၅) ပေခန့်အား တူးကာမြေညှိဆောင်ရွက်နေခြင်းဖြစ်ပြီး မတ်လကုန်က မိုးရွာသွန်းချိန်တွင် မြေပြိုမှုများဖြစ်ပေါ်သဖြင့် ပြုပြင်မှုများလုပ်ဆောင်နေရခြင်းဖြစ်သည်။

လူမျိုးမရွေး မီးသဂြိုလ်ပြီး အရိုးအိုးမြုပ်နှံနိုင်မည့် သုဿာန်သစ် တည်ဆောက်ရေးအတွက် တာချီလိတ်မြို့မှ လုပ်ငန်းရှင် ဦးအားဖာက မတည်ငွေလှူဒါန်းငွေဖြင့်စတင်ပြီး မြို့လူထုက ပူးပေါင်းလှူဒါန်းငွေများ ထည့်ဝင်လာရာ လက်ရှိတွင် စုစုပေါင်း လှူဒါန်းငွေ ဘတ်သိန်း (၁၄၀)ကျော်ဖြင့် ကော်မတီက လုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်သည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ #ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net