တာချီလိတ်ရှိ မိုးကုတ်တရားရိပ်သာတွင် Quarantine ဝင်နေသည့် နေရပ်ပြန်များ သတ်မှတ်ရက် ပြည့်ပြီဖြစ်၍ ဧပြီလ(၂၇)ရက်နေ့ နံနက်အစောပိုင်းတွင် ဒေသအသီးသီးသို့ ပြန်မည်

တာချီလိတ်ရှိ မိုးကုတ်တရားရိပ်သာတွင် Quarantine ဝင်နေသည့် နေရပ်ပြန်များ သတ်မှတ်ရက် ပြည့်ပြီဖြစ်၍ ဧပြီလ(၂၇)ရက်နေ့ နံနက်အစောပိုင်းတွင် ဒေသအသီးသီးသို့ ပြန်မည်
ဧပြီ 26, 2020
By Tachileik News Agency
တာချီလိတ်ရှိ မိုးကုတ်တရားရိပ်သာတွင် Quarantine ဝင်နေသည့် နေရပ်ပြန်များ သတ်မှတ်ရက် ပြည့်ပြီဖြစ်၍ ဧပြီလ(၂၇)ရက်နေ့ နံနက်အစောပိုင်းတွင် ဒေသအသီးသီးသို့ ပြန်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာရိပ်သာတွင် (၂၁)ရက်ကြာ Facilities Quarantine နေထိုင်နေကြသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန်များသည် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့ နံနက် (၇)နာရီ၌ နေရပ်ဒေသအသီးသီးသို့ ပြန်မည်ဖြစ်ပြီး နေအိမ်အသီးသီးတွင် (၇)ရက် ထပ်မံ၍ Home Quarantine နေထိုင်ကြမည်ဖြစ်သည်။

Facilities Quarantine များ (၂၁)ရက်ပြည့်ခါနီးတွင် (၁၀)ရာခိုင်နှုန်းကို ဓါတ်ခွဲနမူနာရယူစစ်ဆေးရမည်ဖြစ်၍  မိုးကုတ်ရိပ်သာ Facilities Quarantine ရှိ ထိုင်းနိုင်ငံမှ နေရပ်ပြန် (၂၀၀)နီးပါးအနက် (၁၉)ဦးကို ဓါတ်ခွဲစစ်ဆေးရာ၌ COVID 19 ပိုးမတွေ့ရကြောင်း ဧပြီလ (၂၆)ရက်နေ့က ဓါတ်ခွဲအဖြေရထားပြီးဖြစ်သည်။

အဆိုပါ နေရပ်ပြန်များသည် မိုးကုတ်ရိပ်သာမှနေ ၍ နေရပ်ဒေသအသီးသီးသို့  သီးခြားငှားထားသည့် မော်တော်ယာဉ်များဖြင့် ပြန်ကြမည်ဖြစ်ပြီး မော်တော်ယာဉ်စီးနင်းခကို မိမိတို့အစီအစဉ်ဖြင့် ပေးချေကြမည်ဖြစ်သည်။

နေရပ်ပြန်များကို (၂၁)ရက်တာကာလအတွင်း Facilities Quarantine ထားရှိစဉ်ကာလအတွင်း စားသောက်စရိတ်များကို မြို့ခံလူထုက တာဝန်ယူကျွေးမွေးကြခြင်းဖြစ်ပြီး Quarantine နေထိုင်စဉ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုံခြုံရေးအတွက် တာချီလိတ်ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုနှင့်အတူ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်  မြို့ခံလူငယ်များပါဝင်သည့် Volunteer အဖွဲ့က ကူညီဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~