တာချီလိတ်မြို့နယ်အတွင်း မဲရုံတာဝန်ကျ အထူးရဲများ နဲ့ ပညာရေးဝန်ထမ်းများမှာ Covid-19 ပိုးမတွေ့

တာချီလိတ်မြို့နယ်အတွင်း မဲရုံတာဝန်ကျ အထူးရဲများ နဲ့ ပညာရေးဝန်ထမ်းများမှာ Covid-19 ပိုးမတွေ့
အောက်တိုဘာ 20, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း မဲရုံတာဝန်ကျ အထူးရဲများ နဲ့ ပညာရေးဝန်ထမ်းများမှာ Covid-19 ပိုးမတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း မဲရုံတွေမှာတာဝန်ထမ်းဆောင်မယ့် ဆရာ၊ ဆရာမတွေကို မဲရုံမှူးသင်တန်းတွေ တက်ရောက်နိုင်ဖို့အတွက် Test Kit နဲ့ COVID-19 ရောဂါပိုးစစ်ဆေးမှုတွေလုပ်ဆောင်ဖို့အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
တာချီလိတ်မြို့နယ်အတွင်းက မဲရုံတွေမှာ တာဝန်ထမ်းဆောင်ရမယ့် ဆရာ၊ ဆရာမ (၇၂) ဦးကို Test Kit နဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့က စစ်ဆေးခဲ့ရာမှာ COVID-19 ရောဂါပိုး မရှိပါဘူး။ 
၂၀၂၀ ခုနှစ် နိုဝင်ဘာ (၈) ရက်နေ့မှာကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် တာချီလိတ်မြို့နယ်အတွင်းက မဲရုံတွေမှာ တာဝန်ထမ်းဆောင်မယ့် အထူးရဲတပ်ဖွဲ့ဝင်အားလုံးကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့က COVID-19 ရောဂါပိုးရှိ၊ မရှိစစ်ဆေးခဲ့သလို မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းတွေကို အောက်တိုဘာလ(၁၉) ရက်နေ့မှာလည်း စစ်ဆေးပေးခဲ့ကြတဲ့အာခါမှာ သူတို့မှာ Covid-19 ပိုး မတွေ့ရဘူးလို့ သိရပါတယ်။ 
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~