တာခ်ီလိတ္ၿမိဳ႕ ဗိုလ္ခ်ဳပ္လမ္းေပၚရိွ နန္းနန္းဘြန္းေက်ာက္ (၂) ေရႊဆိုင္အႏုၾကမ္းစီးခံရ

တာခ်ီလိတ္ၿမိဳ႕ ဗိုလ္ခ်ဳပ္လမ္းေပၚရိွ နန္းနန္းဘြန္းေက်ာက္ (၂) ေရႊဆိုင္အႏုၾကမ္းစီးခံရ
ဇွန် 3, 2019
By 🌸
ျမန္မာ-ထိုင္းနယ္စပ္၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊တာခ်ီလိတ္ၿမိဳ႕  ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘး၊ မယ္ေခါင္ရပ္ကြက္၊ မဲေခါင္ျမစ္ဟိုတယ္ေဘးရိွ နန္းနန္းဘြန္းေက်ာက္ (၂) ေရႊဆိုင္ အႏုၾကမ္းစီးမႈ ၂၀၁၉ ခုႏွစ္ ဇြန္လ (၃) ရက္ေန႔ ညေန (၂) နာရီ (၅၀) မိနစ္ခန္႔က ျဖစ္ပြားေၾကာင္း သိရသည္။

ဆိုင္ကယ္စီးနင္းလာသူ (၂) ဦးက မ်က္ႏွာဖံုးစြပ္မ်ားျဖင့္ဝင္ေရာက္ကာ ေရႊထည္ပစၥည္းမ်ား ရယူသြားျခင္းျဖစ္ၿပီး ေရႊဆြဲႀကိဳး၊ ေရႊဟန္ခ်ိန္း(အေရအတြက္စိစစ္ဆဲ) (၈၀) က်ပ္သားခန္႔ယူေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ဆိုင္ေနရာသို႔ ခရိုင္ရဲတပ္ဖြဲ႕အပါအဝင္ သက္ဆုိင္ရာတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးၿပီး အႏုၾကမ္းစီးၿပီးထြက္ေျပးသြားသူမ်ားကို ဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဆန္ဆိုင္း(က)ရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းမႀကီးေဘးရိွ နန္းနန္းဘြန္းေက်ာက္ေရႊဆုိင္တြင္လည္း ၿပီးခဲ့သည့္ မတ္လ (၂၉) ရက္ေန႔ နံနက္ (၇) နာရီခန္႔ကလည္း လက္နက္ကိုင္ထားသည့္ လူ (၆) ဦးအဖြဲ႕က ဝင္ေရာက္အႏုၾကမ္းၿပီး ေရႊ (၈၀) က်ပ္သားဝန္းက်င္၊ စိန္ထည္ပစၥည္း ဘတ္သိန္း (၂၀)ဖိုးခန္႔၊ ထုိင္းဘတ္ေငြ သိန္း (၂၀)ႏွင့္ လက္ကိုင္ဖုန္း (၇)လံုးတို႔ ယူေဆာင္သြားခဲ့ျခင္းျဖစ္ကာ
အဆိုပါဆုိင္အား အႏုၾကမ္းစီးမႈတြင္ပါဝင္သူႏွင့္ ဆက္စပ္သူ (၃)ဦးကို ဖမ္းမိထားသည့္အနက္ ထုိင္းနုိင္ငံသားတစ္ဦးလည္း ပါဝင္ေနေၾကာင္း သိရသည္။

သတင္း - #ဟန္စိုးထိုက္ ( Tachileik News Agency )

ဓာတ္ပံု  - #ေက်ာ္ဇင္ဟိန္း
~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ နန်းနန်းဘွန်းကျောက် (၂) ရွှေဆိုင်အနုကြမ်းစီးခံရ
************
မြန်မာ-ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး၊ မယ်ခေါင်ရပ်ကွက်၊ မဲခေါင်မြစ်ဟိုတယ်ဘေးရှိ နန်းနန်းဘွန်းကျောက် (၂) ရွှေဆိုင် အနုကြမ်းစီးမှု ၂၀၁၉ ခုနှစ် ဇွန်လ (၃) ရက်နေ့ ညနေ (၂) နာရီ (၅၀) မိနစ်ခန့်က ဖြစ်ပွားကြောင်း သိရသည်။

ဆိုင်ကယ်စီးနင်းလာသူ (၂) ဦးက မျက်နှာဖုံးစွပ်များဖြင့်ဝင်ရောက်ကာ ရွှေထည်ပစ္စည်းများ ရယူသွားခြင်းဖြစ်ပြီး ရွှေဆွဲကြိုး၊ ရွှေဟန်ချိန်း(အရေအတွက်စိစစ်ဆဲ) (၈၀) ကျပ်သားခန့်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ဆိုင်နေရာသို့ ခရိုင်ရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာတပ်ဖွဲ့ဝင်များက စစ်ဆေးပြီး အနုကြမ်းစီးပြီးထွက်ပြေးသွားသူများကို ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

ဆန်ဆိုင်း(က)ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ နန်းနန်းဘွန်းကျောက်ရွှေဆိုင်တွင်လည်း ပြီးခဲ့သည့် မတ်လ (၂၉) ရက်နေ့ နံနက် (၇) နာရီခန့်ကလည်း လက်နက်ကိုင်ထားသည့် လူ (၆) ဦးအဖွဲ့က ဝင်ရောက်အနုကြမ်းပြီး ရွှေ (၈၀) ကျပ်သားဝန်းကျင်၊ စိန်ထည်ပစ္စည်း ဘတ်သိန်း (၂၀)ဖိုးခန့်၊ ထိုင်းဘတ်ငွေ သိန်း (၂၀)နှင့် လက်ကိုင်ဖုန်း (၇)လုံးတို့ ယူဆောင်သွားခဲ့ခြင်းဖြစ်ကာ
အဆိုပါဆိုင်အား အနုကြမ်းစီးမှုတွင်ပါဝင်သူနှင့် ဆက်စပ်သူ (၃)ဦးကို ဖမ်းမိထားသည့်အနက် ထိုင်းနိုင်ငံသားတစ်ဦးလည်း ပါဝင်နေကြောင်း သိရသည်။

သတင်း - #ဟန်စိုးထိုက် ( Tachileik News Agency )
ဓာတ်ပုံ  - #ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net