ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာချီလိတ် မဟာမြတ်မုနိဆရာတော်၏ အန္တိမအဂ္ဂိဈာပနနှင့်ပတ်သက်၍ လာရောက်ဆွေးနွေး

ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာချီလိတ် မဟာမြတ်မုနိဆရာတော်၏ အန္တိမအဂ္ဂိဈာပနနှင့်ပတ်သက်၍ လာရောက်ဆွေးနွေး
အောက်တိုဘာ 19, 2019
By 🌸
ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာချီလိတ် မဟာမြတ်မုနိဆရာတော်၏ အန္တိမအဂ္ဂိဈာပနနှင့်ပတ်သက်၍ လာရောက်ဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မဟာမြတ်မုနိကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပန ကျင်းပရေးနှင့်ပတ်သက်ပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့တွင် တာချီလိတ်မြို့သို့ ရောက်ရှိလာသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးကြောင်း သိရသည်။

" တာချီလိတ်မြို့သူ၊ မြို့သားတွေရဲ့စည်းလုံးမှုနဲ့ ဆရာတော်ကြီးရဲ့ ဂုဏ်ကိုဖော်ကြူးပေးဖို့ပေါ့။ ဆရာတော်ကြီးက သာသနာကို သန့်သန့်ရှင်းရှင်းနဲ့ တည်ဆောက်ခဲ့တဲ့အတွက် ဈာပနပွဲအတွက် ရပ်မိ၊ ရပ်ဖတွေရယ်၊ ဂေါပကအဖွဲ့ရယ် ပူးပေါင်းပြီးတော့ လုပ်ဆောင်ပေးဖို့၊ သူတဂိုဏ်း၊ ငါတဂိုဏ်း မကွဲဖို့ပေါ့။ ဒီမှာရှိနေတဲ့ ဒကာတွေရယ်၊ တိုင်းမှူး၊ ဗျူဟာမှူးတွေက လိုအပ်တာကို ကူညီပံ့ပိုးပေးဖို့ပေါ့။ ကာကွယ်ရေးဦးစီးချုပ်က ဒီလိုမှာကြားခဲ့တာပေါ့"ဟု မဟာမြတ်မုနိကျောင်းတိုက် ဂေါပကအဖွဲ့ဝင် ဦးဇော်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်မှအရာရှိများသည် ကျိုင်းတုံမြို့မှ အထူးလေယာဉ်ဖြင့် တာချီလိတ်မြို့သို့ နေ့လယ် (၃)နာရီ (၂၀)မိနစ်တွင် ရောက်ရှိလာခြင်းဖြစ်ပြီး မဟာမြတ်မုနိကျောင်းတိုက်ရှိ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်ကို ဖူးမြောက်ကြည်ညိုကြသည်။

ယင်းနောက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကျင်းပရေးနှင့်ပတ်သက်ပြီး ဆရာတော်များအား လျှောက်ထားပြီးနောက် ဈာပနကျင်းပရေးအတွက် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်မိသားစုများက အလှူငွေကျပ်သိန်း (၃၀) ကို လှူဒါန်းကာ ညနေ (၃) နာရီ (၅၅) မိနစ်တွင် မဟာမြတ်မုနိကျောင်းတိုက်မှ တာချီလိတ်လေဆိပ်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

တာချီလိတ်မဟာမြတ်မုနိကျောင်းတိုက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က လှူဒါန်းထားသည့် ကမ္ဗည်းမှတ်တမ်းကိုလည်းတွေ့ရပြီး ဂေါပကအဖွဲ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂါရဝါပြုကန်တော့ခဲ့ကြသည်ကိုလည်း တွေ့ရသည်။

Tachileik News Agency
သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ -ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ရွမ္းျပည္နယ္အေရွ႕ပိုင္းသို႔ ေရာက္ရိွေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တာခ်ီလိတ္ မဟာျမတ္မုနိဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနႏွင့္ပတ္သက္၍ လာေရာက္ေဆြးေႏြး

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိေက်ာင္းတုိက္ ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပန က်င္းပေရးႏွင့္ပတ္သက္ၿပီး ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၉)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕သို႔ ေရာက္ရိွလာသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဆြးေနြးေၾကာင္း သိရသည္။

" တာခ်ီလိတ္ၿမို႕သူ၊ ၿမိဳ႕သားေတြရဲ႕စည္းလံုးမႈနဲ႔ ဆရာေတာ္ႀကီးရဲ႕ ဂုဏ္ကိုေဖာ္ၾကဴးေပးဖို႔ေပါ့။ ဆရာေတာ္ႀကီးက သာသနာကို သန္႔သန္႔ရွင္းရွင္းနဲ႔ တည္ေဆာက္ခဲ့တဲ့အတြက္ စ်ာပနပြဲအတြက္ ရပ္မိ၊ ရပ္ဖေတြရယ္၊ ေဂါပကအဖြဲ႕ရယ္ ပူးေပါင္းၿပီးေတာ့ လုပ္ေဆာင္ေပးဖို႔၊ သူတဂိုဏ္း၊ ငါတဂိုဏ္း မကြဲဖို႔ေပါ့။ ဒီမွာရိွေနတဲ့ ဒကာေတြရယ္၊ တိုင္းမွဴး၊ ဗ်ဴဟာမွဴးေတြက လိုအပ္တာကို ကူညီပံ့ပိုးေပးဖို႔ေပါ့့။ ကာကြယ္ေရးဦးစီးခ်ဳပ္က ဒီလိုမွာၾကားခဲ့တာေပါ့"ဟု မဟာျမတ္မုနိေက်ာင္းတိုက္ ေဂါပကအဖြဲ႕၀င္ ဦးေဇာ္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္မွအရာရိွမ်ားသည္ က်ဳိင္းတံုၿမိဳ႕မွ အထူးေလယာဥ္ျဖင့္ တာခ်ီလိတ္ၿမိဳ႕သို႔ ေန႔လယ္ (၃)နာရီ (၂၀)မိနစ္တြင္ ေရာက္ရိွလာျခင္းျဖစ္ၿပီး မဟာျမတ္မုနိေက်ာင္းတိုက္ရိွ ဆရာေတာ္ႀကီး၏ ရုပ္ကလပ္ေတာ္ကို ဖူးေျမာက္ၾကည္ညိုၾကသည္။

ယင္းေနာက္ ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနက်င္းပေရးႏွင့္ပတ္သက္ၿပီး ဆရာေတာ္မ်ားအား ေလွ်ာက္ထားၿပီးေနာက္ စ်ာပနက်င္းပေရးအတြက္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္မိသားစုမ်ားက အလွဴေငြက်ပ္သိန္း (၃၀) ကို လွဴဒါန္းကာ ညေန (၃) နာရီ (၅၅) မိနစ္တြင္ မဟာျမတ္မုနိေက်ာင္းတိုက္မွ တာခ်ီလိတ္ေလဆိပ္သို႔ ျပန္လည္ထြက္ခြာသြားခဲ့သည္။

တာခ်ီလိတ္မဟာျမတ္မုနိေက်ာင္းတုိက္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးအျဖစ္ တာဝန္ထမ္းေဆာင္စဥ္က လွဴဒါန္းထားသည့္ ကမၺည္းမွတ္တမ္းကိုလည္းေတြ႔ရၿပီး ေဂါပကအဖြဲ႕က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ဂါရဝါျပဳကန္ေတာ့ခဲ့ၾကသည္ကိုလည္း ေတြ႔ရသည္။

Tachileik News Agency
သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု -ဟန္စိုးထုိက္၊ ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net