မြန်မာယာဉ်မောင်းများ မယ်ဆိုင်ဘက်တွင် အခက်အခဲကြုံရပါက တာချီလိတ်မှ တာဝန်ရှိသူများထံ တင်ပြကြရန် ခရိုင်အုပ်ချုပ်ရေးမှူး တိုက်တွန်း

မြန်မာယာဉ်မောင်းများ မယ်ဆိုင်ဘက်တွင် အခက်အခဲကြုံရပါက တာချီလိတ်မှ တာဝန်ရှိသူများထံ တင်ပြကြရန် ခရိုင်အုပ်ချုပ်ရေးမှူး တိုက်တွန်း
အောက်တိုဘာ 2, 2020
By Tachileik News Agency

မြန်မာယာဉ်မောင်းများ မယ်ဆိုင်ဘက်တွင် အခက်အခဲကြုံရပါက တာချီလိတ်မှ တာဝန်ရှိသူများထံ တင်ပြကြရန် ခရိုင်အုပ်ချုပ်ရေးမှူး တိုက်တွန်း

Covid-19 ကာလအတွင်း မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) မှတစ်ဆင့် တာချီလိတ် - မယ်ဆိုင်ကြား ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်နေသည့် မြန်မာယာဉ်မောင်းများ၏ အခက်အခဲများနှင့် ပတ်သက်၍ မြန်မာ - ထိုင်း တွေ့ဆုံ ဆွေးနွေးထားပြီးဖြစ်၍  အခက်အခဲများ ဆက်လက်ကြုံနေရပါက တာချီလိတ်ရှိ တာဝန်ရှိသူများထံ တင်ပြကြရန် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အသိပေးပြောကြားထားသည်။
ထိုင်းလိုင်စင်မော်တော်ယာဉ်များကို မယ်ဆိုင်ဘက်က တစ်ဖက်သတ် ကန့်သတ်ထားမှု၊ မြန်မာလိုင်စင် မော်တော်ယာဉ်များဖြင့် ကုန်ပစ္စည်း သယ်ယူရန် အဟန့်အတားဖြစ်နေမှု၊ မြန်မာယာဉ်မောင်းများ မယ်ဆိုင်ဘက်တွင် ကြုံတွေ့နေရသည့် အခက်အခဲများ အပါအဝင်  နှစ်နိုင်ငံ ကုန်သွယ်မှုနှင့်ပတ်သက်၍   ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့က တာချီလိတ်မြို့ရှိ 1G1-11 ဟိုတယ်တွင် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
  Tachileik News Agency
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~