ကူးစက်ပျံ့ပွားမှု မြန်ဆန်သည့် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးအတွင် တာချီလိတ် - မယ်ဆိုင် အကြား တံတား(၁)တွင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်နေ

ကူးစက်ပျံ့ပွားမှု မြန်ဆန်သည့် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးအတွင် တာချီလိတ် - မယ်ဆိုင် အကြား တံတား(၁)တွင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်နေ
ဖေဖော်ဝါရီ 8, 2020
By Tachileik News Agency

ကူးစက်ပျံ့ပွားမှု  မြန်ဆန်သည့် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးအတွင် တာချီလိတ် - မယ်ဆိုင် အကြား တံတား(၁)တွင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်နေ

ကူးစက်ပျံ့ပွားမှု  မြန်ဆန်သည့် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်
မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးတံတား(၁)တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ လမ်းလျှောက် နှင့် ကား/ဆိုင်ကယ်များဖြင့် ဝင်ရောက်လာသူ အားလုံးကို ပူးပေါင်းအဖွဲ့ဖြင့်   ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့အထိ ဆောင်ရွက်နေလျက်ရှိသည်။

ချစ်ကြည်ရေးတံတား(၁)တွင်  မယ်ဆိုင်ဘက်မှ လမ်းလျှောက်ဝင်ရောက်လာသူများကို အလိုအလျောက် ကိုယ်အပူချိန်တိုင်းတာစက်ဖြင့် စစ်ဆေးနေပြီး စက်ဘီး၊ ဆိုင်ကယ် နှင့် ကားတို့ဖြင့် ဝင်ရောက်လာသူများကိုတော့ အပူချိန်တိုင်းကိရိယာဖြင့် စစ်ဆေးမှုကို ပူးပေါင်းအဖွဲ့က အုပ်စုခွဲ၍ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

လမ်းလျှောက် ဝင်ရောက်လာသည့် နိုင်ငံခြားသား ခရီးသွားများအား ကျန်းမာရေးနှင့် ပတ်သက်ရင် အရေးပေါ်ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်ပါသည့် စာရွက်များလည်း ပေးဝေနေသည်ကိုလည်း တွေ့ရသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အခြေအနေမှာ  ဖေဖော်ဝါရီလ(၈)ရက်နေ့ ညနေ(၃)နာရီအထိ  နိုင်ငံပေါင်း (၂၅)နိုင်ငံသို့ ကူးစက်ပျံ့နှံ့နေပြီး (၃၄,၉၃၉)ဦးမှာ ကူးစက်ခံနေရသူဖြစ်ပြီး သေဆုံးသူမှာလည်း (၇၂၄)ဦးအထိ ရှိလာနေသည် ဖြစ်သည်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့က စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်အဆုတ်ရောင်ရောဂါသည် တရုတ်နိုင်ငံ အပါအဝင် ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊  သြစတေးလျာ၊ ဂျာမဏီ၊ အမေရိကန်၊ မလေးရှား၊ ဗီယက်နမ်၊ ပြင်သစ်၊ ကနေဒါ၊ အာရပ်ဆော်ဘွားနိုင်ငံ၊ အိန္ဒိယ၊ အီတလီ၊ ရုရှား၊ ဖီလစ်ပိုင်၊ ဗြိတိန်၊ နီပေါ၊ ကမ္ဘောဒီးယား၊ စပိန်၊ ဖင်လန်၊ ဘယ်လ်ဂျီယံ၊ ဆွီဒင် နှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေပြီ ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားရှိသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~