ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၂၁)ဦးကို တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္းလာ

ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၂၁)ဦးကို တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္းလာ
ဇွန် 7, 2019
By Tachileik News Agency

ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရၿပီးေနာက္ ျမန္မာႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းေပးလာမႈအျဖစ္ ၂၀၁၉ခုႏွစ္ ဇြန္လ(၇)ရက္ေန႔ ေန႔လည္ပိုင္းက (၂၁)ဦးအား တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးလာရာတြင္ ထိုင္းႏိုင္ငံေထာင္ႀကီး၌ ႏွစ္ႀကီးက်ခံခဲ့ရသူ (၃)ဦး ပါ၀င္လာေၾကာင္း သိရသည္။

"ေထာင္ႀကီး (၃)ဦးပါတယ္၊ သူတို႔က (၁၆)ႏွစ္က်တာ၊ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ေတာ့ မဟုတ္ဘူး၊ ျပည့္လို႔ လြတ္လာတာ"ဟု လႊဲေျပာင္းလက္ခံေရးအဖြဲ႔မွ တာ၀န္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမို႕နယ္ လ၀ကမွ အရာရွိ ခ်န္နရြန္ ပူမိပြန္ ႏွင့္ အဖြဲ႔က ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတား တာခ်ီလိတ္ဘက္သို႔ လာေရာက္၍ လႊဲေျပာင္းရာတြင္ အမ်ဳိးသား(၁၉)ဦး ႏွင့္ အမ်ဳိးသမီး (၂)ဦး စုစုေပါင္း (၂၁)ဦး ပါ၀င္ရာ ကယားျပည္နယ္မွ (၁)ဦး၊ မြန္ျပည္နယ္မွ (၁)ဦး၊ ရခိုင္ျပည္နယ္မွ(၁)ဦးအျပင္ ရွမ္းျပည္နယ္အတြင္းမွ (၁၇)ဦး ႏွင့္ မႏၱေလးတိုင္းေဒသႀကီးအတြင္းက (၁)ဦးတို႔ ပါ၀င္ေၾကာင္း သိရသည္။

၎တို႔အား   ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမားညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကေၾကာင္း  သိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးလာမှုအဖြစ် ၂၀၁၉ခုနှစ် ဇွန်လ(၇)ရက်နေ့ နေ့လည်ပိုင်းက (၂၁)ဦးအား တာချီလိတ်သို့ လွှဲပြောင်းပေးလာရာတွင် ထိုင်းနိုင်ငံထောင်ကြီး၌ နှစ်ကြီးကျခံခဲ့ရသူ (၃)ဦး ပါဝင်လာကြောင်း သိရသည်။

"ထောင်ကြီး (၃)ဦးပါတယ်၊ သူတို့က (၁၆)နှစ်ကျတာ၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့တော့ မဟုတ်ဘူး၊ ပြည့်လို့ လွတ်လာတာ"ဟု လွှဲပြောင်းလက်ခံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် လဝကမှ အရာရှိ ချန်နရွန် ပူမိပွန် နှင့် အဖွဲ့က မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား တာချီလိတ်ဘက်သို့ လာရောက်၍ လွှဲပြောင်းရာတွင် အမျိုးသား(၁၉)ဦး နှင့် အမျိုးသမီး (၂)ဦး စုစုပေါင်း (၂၁)ဦး ပါဝင်ရာ ကယားပြည်နယ်မှ (၁)ဦး၊ မွန်ပြည်နယ်မှ (၁)ဦး၊ ရခိုင်ပြည်နယ်မှ(၁)ဦးအပြင် ရှမ်းပြည်နယ်အတွင်းမှ (၁၇)ဦး နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက (၁)ဦးတို့ ပါဝင်ကြောင်း သိရသည်။

၎င်းတို့အား မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net