တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း မိုးနည္းသျဖင့္ ပ်ိဳးခင္းပ်က္သြားသည့္ လယ္ေျမမ်ား အခ်ိန္မီ ျပန္စိုက္ႏုိင္ရန္ စိုက္ပ်ိဳးေရးဦးစီးဌာနထံမွ တုိက္ရိုက္မ်ိဳးေစ့ခ်စက္ အကူအညီရယူႏုိင္

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း မိုးနည္းသျဖင့္ ပ်ိဳးခင္းပ်က္သြားသည့္ လယ္ေျမမ်ား အခ်ိန္မီ ျပန္စိုက္ႏုိင္ရန္ စိုက္ပ်ိဳးေရးဦးစီးဌာနထံမွ တုိက္ရိုက္မ်ိဳးေစ့ခ်စက္ အကူအညီရယူႏုိင္
ဇူလိုင် 20, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ၂၀၁၉ ခုႏွစ္အတြင္း မိုးရြာသြန္းမႈနည္းသျဖင့္ မိုးစပါးစိုက္ဧကအမ်ားစု၌ ပ်ိဳးခင္းပ်က္စီးခဲ့ရာ စိုက္ပ်ိဳးခ်ိန္မွီေစရန္ ပ်ိဳးေထာင္စိုက္ပ်ိဳးျခင္းအစား တိုက္ရိုက္မ်ိဳးေစ့ခ်စိုက္ပ်ိဳးႏုိင္ရန္ စိုက္ပ်ိဳးေရးဦးစီးဌာနက ေတာင္သူမ်ားအား မ်ိဳးေစ့ခ် ကိရိယာမ်ားျဖင့္ ကူညီေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

" ရံုးခ်ဳပ္က ပို႔ထားတဲ့ Seeder(တိုက္ရိုက္မ်ိဳးေစ့ခ်ကိရိယာ)ေတြေပါ့။ ဒီထဲကို မ်ိဳးေစ့ထည့္ဆြဲလိုက္ရင္ ပ်ိဳးေထာင္စရာမလိုဘူး။ (၁၂) တန္းတစ္ခါတည္းက်တယ္။ အဓိကကေတာ့ လုပ္သားရွားပါးတဲ့ျပသနာကို ေျဖရွင္းႏိုင္တဲ့ လုပ္ငန္းတစ္ခုပါ။ မိုးေခါင္လို႔ စိုက္ခ်ိန္ေနာက္က်သြားတဲ့ေနရာေတြမွာ ဒီနည္းက အဆင္ေျပသြားတာေပါ့"ဟု စိုက္ပ်ိဳးေရးဦးစီးဌာနမွာ တာခ်ီလိတ္ၿမိဳ႕နယ္ဦးစီးမွဴး ဦးစိုင္းခင္ေဇာ္လတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း ဆည္ေရရရိွသည့္ မိုးစပါးစိုက္ဧကအမ်ားစုတြင္ စိုက္ပ်ိဳးၿပီးစီးသြားၾကၿပီျဖစ္ေသာ္လည္း ဆည္ေရ မရသည့္အပိုင္းမ်ားမွ လယ္ေျမမ်ားတြင္ ဇြန္လ မိုးရြာစဥ္က စိုက္ပ်ိဳးထားသည့္ပ်ိဳးခင္းမ်ားမွာ မိုးဆက္မရြာသျဖင့္ ပ်က္စီးသြားျခင္းျဖစ္ေၾကာင္းသိရသည္။

စိုက္ပ်ိဳးရာသီမွာ ၾသဂုတ္လကုန္ဝန္းက်င္တြင္ ကုန္ဆံုးမည္ျဖစ္ရာ ဆည္ေရ မရသည့္အပိုင္းမ်ားမွ စိုက္ပ်ိဳးေျမဧကမ်ား အတြက္ တုိက္ရိုက္အေစ့ခ် စိုက္ပ်ိဳးႏုိင္ရန္ စိုက္ပ်ိဳးေရးဦးစီးဌာနက မ်ိဳးေစ့ခ်ကိရိယာပံ့ပိုးျခင္းအျပင္ နီးစပ္ရာေနရာမွ ျမစ္ေရ၊ေခ်ာင္းေရမွ ေရရယူႏုိင္ရန္ စီစဥ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း စိုက္ပ်ဳိးေရးလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ အကူအညီလိုအပ္ပါက တာခ်ီလိတ္ၿမိဳ႕နယ္စိုက္ပ်ဳိးေရးဦးစီးဌာနရံုးဖုန္းမ်ားျဖစ္သည့္ 08451788  ႏွင့္ 095240834 သို႔လည္း ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - SKZL


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း မိုးရွာသွန်းမှုနည်းသဖြင့် မိုးစပါးစိုက်ဧကအများစု၌ ပျိုးခင်းပျက်စီးခဲ့ရာ စိုက်ပျိုးချိန်မှီစေရန် ပျိုးထောင်စိုက်ပျိုးခြင်းအစား တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား မျိုးစေ့ချ ကိရိယာများဖြင့် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

" ရုံးချုပ်က ပို့ထားတဲ့ Seeder(တိုက်ရိုက်မျိုးစေ့ချကိရိယာ)တွေပေါ့။ ဒီထဲကို မျိုးစေ့ထည့်ဆွဲလိုက်ရင် ပျိုးထောင်စရာမလိုဘူး။ (၁၂) တန်းတစ်ခါတည်းကျတယ်။ အဓိကကတော့ လုပ်သားရှားပါးတဲ့ပြသနာကို ဖြေရှင်းနိုင်တဲ့ လုပ်ငန်းတစ်ခုပါ။ မိုးခေါင်လို့ စိုက်ချိန်နောက်ကျသွားတဲ့နေရာတွေမှာ ဒီနည်းက အဆင်ပြေသွားတာပေါ့"ဟု စိုက်ပျိုးရေးဦးစီးဌာနမှာ တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း ဆည်ရေရရှိသည့် မိုးစပါးစိုက်ဧကအများစုတွင် စိုက်ပျိုးပြီးစီးသွားကြပြီဖြစ်သော်လည်း ဆည်ရေ မရသည့်အပိုင်းများမှ လယ်မြေများတွင် ဇွန်လ မိုးရွာစဉ်က စိုက်ပျိုးထားသည့်ပျိုးခင်းများမှာ မိုးဆက်မရွာသဖြင့် ပျက်စီးသွားခြင်းဖြစ်ကြောင်းသိရသည်။

စိုက်ပျိုးရာသီမှာ သြဂုတ်လကုန်ဝန်းကျင်တွင် ကုန်ဆုံးမည်ဖြစ်ရာ ဆည်ရေ မရသည့်အပိုင်းများမှ စိုက်ပျိုးမြေဧကများ အတွက် တိုက်ရိုက်အစေ့ချ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ချကိရိယာပံ့ပိုးခြင်းအပြင် နီးစပ်ရာနေရာမှ မြစ်ရေ၊ချောင်းရေမှ ရေရယူနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကူအညီလိုအပ်ပါက တာချီလိတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဖုန်းများဖြစ်သည့် 08451788 နှင့် 095240834 သို့လည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - SKZL

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net