တာချီလိတ်တစ်မြို့လုံး သြဂုတ်လ (၂၆)ရက်နေ့ ည (၁၀)နာရီခွဲမှစ၍ လျှပ်စစ်မီး (၅)နာရီကြာ ပြတ်တောက်မည်

တာချီလိတ်တစ်မြို့လုံး သြဂုတ်လ (၂၆)ရက်နေ့ ည (၁၀)နာရီခွဲမှစ၍ လျှပ်စစ်မီး (၅)နာရီကြာ ပြတ်တောက်မည်
သြဂုတ် 25, 2020
By 🌸
တာချီလိတ်တစ်မြို့လုံး သြဂုတ်လ (၂၆)ရက်နေ့ ည (၁၀)နာရီခွဲမှစ၍ လျှပ်စစ်မီး (၅)နာရီကြာ ပြတ်တောက်မည်
ထိုင်းနိုင်ငံ၊ မယ်ကျန်းရှိ လျှပ်စစ်ဓါတ်အားခွဲရုံ ပြုပြင်မည်ဖြစ်၍ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့ ည (၁၀)နာရီခွဲမှ သြဂုတ်လ (၂၇) ရက်နေ့ နံနက် (၃)နာရီခွဲအထိ တာချီလိတ်တစ်မြို့လုံး လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးကော်မတီက အသိပေးကြေညာထားသည်။
“အခုပဲ စာဝင်လာတာ။ သူတို့ မယ်ကျန်းဓာတ်အားခွဲရုံကို ညပိုင်းပြင်မယ်ဆိုပြီး ဝင်လာတယ်။ မယ်ဆိုင်ရော၊ တာချီလိတ်ရော အကုန်မီးပြတ်မှာ။ တာချီလိတ်က (၁)ရော၊ (၂) ရော အကုန်မီးပြတ်မှာ”
ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီ၏ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးစိုင်းခမ်းမွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မယ်ကျန်းဓာတ်အားခွဲရုံမှ 115 Kv လိုင်း ပြုပြင်နေချိန်အတွင်း မယ်ဆိုင်မြို့နှင့် ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အား ဝယ်ယူအသုံးပြုနေသည့် တာချီလိတ်မြို့တို့တွင် သြဂုတ်လ (၂၆)ရက်နေ့ ည(၁၀)နာရီခွဲမှစ၍ လျှပ်စစ်မီးဖြတ်တောက်ထားမည်ဖြစ်ပြီး စောလျင်စွာပြီးစီးပါက ခန့်မှန်းချိန်ထက်စော၍ လျှပ်စစ်မီးပြတ်လွှတ်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~