တာခ်ီလိတ္ ႏွင့္ မယ္ဆိုင္အၾကားရွိ မယ္ဆိုင္ေခ်ာင္း မတိမ္ေကာေရး စက္ယႏၱယားျဖင့္ ဇြန္လ(၁၁)ရက္ေန႔အထိ ဆက္လက္ ေဆာင္ရြက္

တာခ်ီလိတ္ ႏွင့္ မယ္ဆိုင္အၾကားရွိ မယ္ဆိုင္ေခ်ာင္း မတိမ္ေကာေရး စက္ယႏၱယားျဖင့္ ဇြန္လ(၁၁)ရက္ေန႔အထိ ဆက္လက္ ေဆာင္ရြက္
ဇွန် 11, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ ႏွင့္ မယ္ဆိုင္အၾကားရွိ မယ္ဆိုင္ေခ်ာင္းအတြင္း ေရခန္းေျခာက္မႈႏွင့္အတူ အမႈိက္မ်ားစြန္႔ပစ္မႈေၾကာင့္ တိမ္ေကာမႈမ်ား မျဖစ္ေပၚေစရန္အတြက္ တာခ်ီလိတ္ဘက္ ဆန္ဆိုင္း(ခ)ရပ္ကြက္အပိုင္းထဲတြင္ စက္ယႏၱယားအသံုးျပဳ၍  ဆက္လက္ရွင္းလင္းမႈမ်ားကို ၂၀၁၉ခုႏွစ္ ဇြန္လ(၁၁)ရက္ေန႔တြင္ လုပ္ေဆာင္ေနလ်က္ရွိသည္။

၂၀၁၉ ခုႏွစ္ ေမလ၏ ပထမပတ္အတြင္းက  မယ္ဆိုင္ေခ်ာင္းအတြင္းမွ ေရမ်ားကို စိုက္ပ်ဳိးေရးအတြက္ေရရယူရန္ ေျမာင္းမ်ားေဖာ္၍ မယ္ဆိုင္ဘက္က ရယူျခင္းေၾကာင့္ ေရမ်ားမွာ တာခ်ီလိတ္ဘက္အျခမ္းသို႔ စီဆင္းမႈမရွိေတာ့ဘဲ ငါးမ်ားေသဆံုးသည္အထိ ျဖစ္ေပၚျခင္းႏွင့္အတူ အမႈိက္မ်ားတင္က်န္ေနသည္အထိ ျဖစ္ေနသည့္အတြက္ ျမန္မာဘက္က အႀကိမ္ႀကိမ္ေခ်ာင္းအတြင္း စုေပါင္းသန္႔ရွင္းေရးမ်ား ျပဳလုပ္ရခဲ့ရၿပီး စက္ယႏၱယားျဖင့္ ဇြန္လ(၁၁)ရက္ေန႔အထိ ျပုလုပ္ေနရျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု -  ေနကိုေအာင



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းအတွင်း ရေခန်းခြောက်မှုနှင့်အတူ အမှိုက်များစွန့်ပစ်မှုကြောင့် တိမ်ကောမှုများ မဖြစ်ပေါ်စေရန်အတွက် တာချီလိတ်ဘက် ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်းထဲတွင် စက်ယန္တယားအသုံးပြု၍ ဆက်လက်ရှင်းလင်းမှုများကို ၂၀၁၉ခုနှစ် ဇွန်လ(၁၁)ရက်နေ့တွင် လုပ်ဆောင်နေလျက်ရှိသည်။

၂၀၁၉ ခုနှစ် မေလ၏ ပထမပတ်အတွင်းက မယ်ဆိုင်ချောင်းအတွင်းမှ ရေများကို စိုက်ပျိုးရေးအတွက်ရေရယူရန် မြောင်းများဖော်၍ မယ်ဆိုင်ဘက်က ရယူခြင်းကြောင့် ရေများမှာ တာချီလိတ်ဘက်အခြမ်းသို့ စီဆင်းမှုမရှိတော့ဘဲ ငါးများသေဆုံးသည်အထိ ဖြစ်ပေါ်ခြင်းနှင့်အတူ အမှိုက်များတင်ကျန်နေသည်အထိ ဖြစ်နေသည့်အတွက် မြန်မာဘက်က အကြိမ်ကြိမ်ချောင်းအတွင်း စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ရခဲ့ရပြီး စက်ယန္တယားဖြင့် ဇွန်လ(၁၁)ရက်နေ့အထိ ပြုလုပ်နေရခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - နေကိုအောင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net