တာချီလိတ်မြို့တွင် ကျင်းပသည့် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲ၌သို့ ကျောင်းသား ကျောင်းသူ (၅၀၀)ကျော် ၀င်ရောက်ဆင်နွှဲ

တာချီလိတ်မြို့တွင် ကျင်းပသည့် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲ၌သို့ ကျောင်းသား ကျောင်းသူ (၅၀၀)ကျော် ၀င်ရောက်ဆင်နွှဲ
ဇှနျ 28, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တခွင် အထိမ်းအမှတ် ကျောင်းအခြေပြုမီနီမာရသွန်ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၈) ရက်နေ့ နံနက် (၅) နာရီတွင် ကျင်းပခဲ့ပြီး ကျောင်းပေါင်းစုံမှ ဆုရကျောင်းသား၊ ကျောင်းသူ (၁၂၀) ဦးကို ဆုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တခွင် ကျောင်းအခြေပြုမီနီမာရသွန်ပြိုင်ပွဲကို မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ် (၂)တံတားမှ စတင် တာထွက်ပြီး အမှတ် (၁) တံတားထိပ်ရှိအ၀ိုင်းပတ်မှ တဆင့် တာချီလိတ်မြို့မ ဘောလုံးကွင်းအတွင်း ပြန်လည်ပန်းဝင်ရာ တာချီလိတ်မြို့ရှိ ကျောင်းသားကျောင်းသူ (၅၀၀)ကျော်ဝင်ရောက်ယှဉ်ပြိုင်ကာ ကျား(ကြီး)၊ ကျား(ငယ်)၊ မ(ကြီး)၊ မ(ငယ်) အဆင့် (၄) ဆင့် ယှဉ်ပြိုင်ခဲ့ပြီးနောက် ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုထ္တ၊ ပဉ္စမ နှင့် နှစ်သိမ့်ဆု (၂၅) ဆုစီပေးအပ်ခဲ့ကြောင်းသိရသည်။


ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တခွင် ကျောင်းအခြေပြုမီနီမာရသွန်ပြိုင်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ တာချီလိတ်ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးနှင့် ဌာနဆိုင်ရာများ၊  တာချီလိတ်ခရိုင/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တာချီလိတ်မြို့ရှိကျောင်းပေါင်းစုံမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လာခဲ့ကြပြီး အထက(တာချီလိတ်)ကျောင်းသား ကျောင်းသူဟောင်းများက ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများအား ကျပ်(၃)သိန်းခွဲကျော်တန်ဖိုးရှိ အအေးနှင့်ရေကတ်များဖြင့် ပေးဝေခဲ့ကြကြောင်း သိရသည်။


Tachileik News Agency
သတင်း - ဟန်စိုးထိုက်



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တခွင် အထိမ်းအမှတ် ကျောင်းအခြပြေုမီနီမာရသွန်ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၈) ရက်နေ့ နံနက် (၅) နာရီတွင် ကျင်းပခဲ့ပြီး ကျောင်းပေါင်းစုံမှ ဆုရကျောင်းသား၊ ကျောင်းသူ (၁၂၀) ဦးကို ဆုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တခွင် ကျောင်းအခြပြေုမီနီမာရသွန်ပြိုင်ပွဲကို မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ် (၂)တံတားမှ စတင် တာထွက်ပြီး အမှတ် (၁) တံတားထိပ်ရှိအဝိုင်းပတ်မှ တဆင့် တာချီလိတ်မြို့မ ဘောလုံးကွင်းအတွင်း ပြန်လည်ပန်းဝင်ရာ တာချီလိတ်မြို့ရှိ ကျောင်းသားကျောင်းသူ (၅၀၀)ကျော်ဝင်ရောက်ယှဉ်ပြိုင်ကာ ကျား(ကြီး)၊ ကျား(ငယ်)၊ မ(ကြီး)၊ မ(ငယ်) အဆင့် (၄) ဆင့် ယှဉ်ပြိုင်ခဲ့ပြီးနောက် ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုထ္တ၊ ပဉ္စမ နှင့် နှစ်သိမ့်ဆု (၂၅) ဆုစီပေးအပ်ခဲ့ကြောင်းသိရသည်။

"ပထမရည်ရွယ်ချက်က ဆေးလိပ်မသောက်ပဲ ဆေးလိပ်ငွေ့ရူရတဲ့လူတွေ၊ အထူးသဖြင့် အမျိုးသမီးနဲ့ကလေးတွေကို ကာကွယ်ချင်တာ၊ ဒုတိယရည်ရွယ်ချက်ကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုဖြစ်စေချင်တာ၊ တတိယရည်ရွယ်ချက်ကတော့ ဥပဒေပါတဲ့ ဆေးလိပ်သောက်ခွင့် မရှိတဲ့နေရာပေါ့။ အဲဒါကို ပြည်သူ၊ ပြည်သားတွေ လေးစားလိုက်နာတဲ့ အမူအကျင့်ကောင်းတွေ ရစေချင်တာ၊ နောက်ဆုံးရည်ရွယ်ချက်ကတော့ နိုင်ငံသူ၊ နိုင်ငံသားအားလုံး လေကောင်းလေသန့် ရူခွင့်ရဖို့၊ ဆေးလိပ်ငွေ့ကင်းစင်တဲ့ လေကို ရူခွင့်ရဖို့၊ ကျန်းမာကြံ့ခိုင်တဲ့ နိုင်ငံကောင်းဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့လုပ်တာပေါ့"ဟု ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တခွင် ကျောင်းအခြပြေုမီနီမာရသွန်ပြိုင်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ တာချီလိတ်ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးနှင့် ဌာနဆိုင်ရာများ၊ တာချီလိတ်ခရိုင/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တာချီလိတ်မြို့ရှိကျောင်းပေါင်းစုံမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လာခဲ့ကြပြီး အထက(တာချီလိတ်)ကျောင်းသား ကျောင်းသူဟောင်းများက ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများအား ကျပ်(၃)သိန်းခွဲကျော်တန်ဖိုးရှိ အအေးနှင့်ရေကတ်များဖြင့် ပေးေဝခဲ့ကြကြောင်း သိရသည်။

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တခွင် အားကစားပြိုင်ပွဲများကို ဇွန်လ (၂၈) ရက်နေ့ ညနေပိုင်းတွင် မိုင်းယောင်းမြို့တွင် လည်းကောင်း၊ ဇွန်လ (၂၉) ရက်နေ့တွင် မိုင်းပျဉ်းမြို့တွင် လည်းကောင်း၊ ဇွန်လ (၃၀)ရက်နေ့တွင် ကွန်ဟိန်းမြို့တွင် လည်းကောင်း၊ ဇူလိုင်လ (၁) ရက်နေ့တွင် မိုင်းရှုးမြို့တွင်လည်းကောင်း အသီးသီး ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မီနီမာရသွန်၊ စားပွဲတင်တင်းနစ်၊ ဘိလိယက်နှင့်နှင့် စနူကာပြိုင်ပွဲများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net