တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရုံးတွင် တီဘီလူနာအခမဲ့စစ်ဆေးခြင်းကို မေလ(၂၉)ရက်နေ့ ညနေ (၄)နာရီအထိ ဆောင်ရွက်ပေးနေ

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရုံးတွင် တီဘီလူနာအခမဲ့စစ်ဆေးခြင်းကို မေလ(၂၉)ရက်နေ့ ညနေ (၄)နာရီအထိ ဆောင်ရွက်ပေးနေ
မေ 29, 2019
By Tachileik News Agency


ထိုင်းနိုင်ငံနှင့်နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရွေ့လျားဓါတ်မှန်စက်ဖြင့် တီဘီလူနာကွင်းဆင်းရှာဖွေခြင်းအစီအစဉ်ကို ၂၀၁၉ ခုနှစ် မေလ (၂၇)ရက်နေ့မှ မေလ (၃၁)ရက်နေ့အထိ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ပြည်နယ်တီဘီတိုက်ဖျက်ရေးဌာနက GF အထောက်အပံ့ဖြင့်ဆောင်ရွက်သည့် အဆိုပါအစီအစဉ်အရ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ ဝန်ထမ်းများက ရွေ့လျားဓါတ်မှန်စက်ဖြင့် တီဘီလူနာကွင်းဆင်းရှာဖွေကုသပေးနေခြင်းဖြစ်သည်။

ကွင်းဆင်းစစ်ဆေးခြင်းကို မေလ (၂၈)ရက်နေ့က ဆန်ဆိုင်း (ခ)အတွင်းရှိ ၀မ်မိုင်ကျေးရွာတွင် ဆောင်ရွက်ပေးခဲ့ပြီး မေလ (၂၉)ရက်နေ့တွင် မကာဟိုခမ်းရပ်ကွက်ရုံး၌ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။



မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီ ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ (၃၀)တွင် ပါဝင်နေဆဲဖြစ်ကာ တီဘီရောဂါဖြစ်ပွားသူများ၏ (၇၃) ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြောင်း၂၀၁၇ - ၂၀၁၈ နိုင်ငံတစ်ဝန်း တီဘီရောဂါဖြစ်ပွားမှုစစ်တမ်းအရ သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ တီဘီရောဂါစစ်ဆေးလိုသူများ မကာဟိုခမ်းရပ်ကွက်ရုံးတွင် ၂၀၁၉ခုနှစ် မေလ(၂၉)ရက်နေ့ နံနက် (၉)နာရီမှ ညနေ(၄)နာရီအထိ မည်သူမဆို အခမဲ့လာရောက်စစ်ဆေးမှုခံယူနိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့်နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရွေ့လျားဓာတ်မှန်စက်ဖြင့် တီဘီလူနာကွင်းဆင်းရှာဖွခြေင်းအစီအစဉ်ကို ၂၀၁၉ ခုနှစ် မေလ (၂၇)ရက်နေ့မှ မေလ (၃၁)ရက်နေ့အထိ ဆောင်ရွက်ပေးနခြေင်းဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ပြည်နယ်တီဘီတိုက်ဖျက်ရေးဌာနက GF အထောက်အပံ့ဖြင့်ဆောင်ရွက်သည့် အဆိုပါအစီအစဉ်အရ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ ဝန်ထမ်းများက ရွေ့လျားဓာတ်မှန်စက်ဖြင့် တီဘီလူနာကွင်းဆင်းရှာဖွေကုသပေးနခြေင်းဖြစ်သည်။

ကွင်းဆင်းစစ်ဆေးခြင်းကို မေလ (၂၈)ရက်နေ့က ဆန်ဆိုင်း (ခ)အတွင်းရှိ ဝမ်မိုင်ကျေးရွာတွင် ဆောင်ရွက်ပေးခဲ့ပြီး မေလ (၂၉)ရက်နေ့တွင် မကာဟိုခမ်းရပ်ကွက်ရုံး၌ ဆောင်ရွက်ပေးနခြေင်းဖြစ်သည်။

အခမဲ့စစ်ဆေးပေးခြင်းကို မေလ (၃၀)ရက်နှင့် မေလ (၃၁)ရက်နေ့များတွင် ဝမ်ကောင်းရပ်ကွက်(ကချင်ရွာ)တို့ရှိ ရပ်ကွက်ရုံးများတွင် ဆောင်ရွက်ပေးမည်ဖြစ်ရာ ရပ်ကွက်နေသူများ၊ ရွှေ့ပြောင်းလုပ်သားများအပါအဝင် မည်သူမဆို နီးစပ်ရာရပ်ကွက်ရုံးများသို့ အခမဲ့လာရောက် စစ်ဆေးကုသမှုခံယူနိုင်ကြောင်း သိရသည်။

တီဘီပိုးစစ်ဆေးတွေ့ရှိပါက တီဘီလူနာအတွက်ဆေးများကို အခမဲ့ပေးမည်ဖြစ်ရာ ရောဂါကို အချိန်မီသိရှိကုသနိုင်ရန်အတွက် အခမဲ့လာရောက်စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကမာ္ဘ့တီဘီ ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ (၃၀)တွင် ပါဝင်နေဆဲဖြစ်ကာ တီဘီရောဂါဖြစ်ပွားသူများ၏ (၇၃) ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြောင်း၂၀၁၇ - ၂၀၁၈ နိုင်ငံတစ်ဝန်း တီဘီရောဂါဖြစ်ပွားမှုစစ်တမ်းအရ သိရသည်။

Tachileik News Agency
ဓာတ်ပုံ - မကာဟိုခမ်းရပ်ကွက်ရုံး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net