တာခ်ီလိတ္တြင္ ဆိုင္ကယ္ယာဥ္ေမာင္းလုိင္စင္ေလွ်ာက္ထားသူ (၂၀၀)ေက်ာ္ကို ယာဥ္/လမ္းစည္းကမ္း အသိပညာေပးလုပ္ေဆာင္ၿပီး လုိင္စင္ထုတ္ေပး

တာခ်ီလိတ္တြင္ ဆိုင္ကယ္ယာဥ္ေမာင္းလုိင္စင္ေလွ်ာက္ထားသူ (၂၀၀)ေက်ာ္ကို ယာဥ္/လမ္းစည္းကမ္း အသိပညာေပးလုပ္ေဆာင္ၿပီး လုိင္စင္ထုတ္ေပး
ဇွန် 4, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ ကြင္းဆင္းေဆာင္ရြက္ေပးစဥ္က ဆုိင္ကယ္ယာဥ္ေမာင္းလုိင္စင္ေလွ်ာက္ထားသူ(၂၁၇)ဦးကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၄)ရက္ေန႔က ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းအသိပညာေပးၿပီး ယာဥ္ေမာင္းလုိင္စင္မ်ားထုတ္ေပးထားေၾကာင္း သိရသည္။

"ယာဥ္ေမာင္းလိုင္စင္ေပးအပ္တာက (၄) ႀကိမ္ေျမာက္ေပါ့။ ၂၀၁၉ ခုႏွစ္အတြင္းမွာ ေမလ (၂၂) ရက္ေန႔က ရွမ္းရိုးမကြင္းမွာ လာလုပ္တဲ့သူေတြေပါ့။ လာမယ့္ စေန၊ တနဂၤေႏြမွာ ကြင္းဆင္းစရာရိွတဲ့အတြက္ (၄) ရက္ေန႔ ေရႊ႕လိုက္တာေပါ့။ အရင္ခ်ိန္းထားတာေတာ့ (၈) ရက္ေန႔ေပါ့။ မိုင္းျဖတ္ဘက္သြားမွာေပါ့"ဟု တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမွဳဦးစီးဌာနမွ စစ္ေဆးေရးမွဴး(၂) ဦးစိုင္းဆမ္တစ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အမ်ိဳးသားယာဥ္အႏၱရာယ္၊ လမ္းအႏၱရာယ္ကင္းရွင္းေရးေကာင္စီက ၂၀၂၀ ခုႏွစ္တြင္ ေမာ္ေတာ္ဆိုင္ကယ္ ေမာင္းႏွင္သူတိုင္း ယာဥ္ေမာင္းလိုင္စင္ရိွရမည္စီမံခ်က္ျဖင့္ ၂၀၁၉ ခုႏွစ္၊ ေမလမွစတင္ၿပီး တာခ်ီလိတ္ခရိုင္အတြင္းရိွ ရပ္ကြက္မ်ားတြင္ ကြင္းဆင္းေဆာင္ရြက္မႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ လိုင္စင္မလုပ္ေဆာင္ရေသးသူ မက်န္ေစရန္ ရွမ္းရိုးမကြင္းအတြင္း ကြင္းဆင္းေဆာင္ရြက္ေပးေနျခင္း ျဖစ္ေၾကာင္း သိရသည္။

ယာဥ္ေမာင္းလုိင္စင္ ကြင္းဆင္းေဆာင္ရြက္ေပးရာတြင္ လုိင္စင္ေလွ်ာက္ထားသူမ်ားကို ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနႏွင့္ အမွတ္(၁၁၉) ယာဥ္ထိန္းတပ္ဖြဲ႕စု(တာခ်ီလိတ္)မွ တာဝန္ရိွသူမ်ားက ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းႏွင့္ ပတ္သက္သည့္ အသိပညာေပးမႈမ်ားလုပ္ေဆာင္ၿပီးမွ ယာဥ္ေမာင္းလုိင္စင္ထုတ္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးစဉ်က ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်လျှောက်ထားသူ(၂၁၇)ဦးကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၄)ရက်နေ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးပြီး ယာဉ်မောင်းလိုင်စင်များထုတ်ပေးထားကြောင်း သိရသည်။

"ယာဉ်မောင်းလိုင်စင်ပေးအပ်တာက (၄) ကြိမ်မြောက်ပေါ့။ ၂၀၁၉ ခုနှစ်အတွင်းမှာ မေလ (၂၂) ရက်နေ့က ရှမ်းရိုးမကွင်းမှာ လာလုပ်တဲ့သူတွေပေါ့။ လာမယ့် စနေ၊ တနင်္ဂေနွမှာ ကွင်းဆင်းစရာရှိတဲ့အတွက် (၄) ရက်နေ့ ရွှေ့လိုက်တာပေါ့။ အရင်ချိန်းထားတာတော့ (၈) ရက်နေ့ပေါ့။ မိုင်းဖြတ်ဘက်သွားမှာပေါ့"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး(၂) ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ၂၀၂၀ ခုနှစ်တွင် မော်တော်ဆိုင်ကယ် မောင်းနှင်သူတိုင်း ယာဉ်မောင်းလိုင်စင်ရှိရမည်စီမံချက်ဖြင့် ၂၀၁၉ ခုနှစ်၊ မေလမှစတင်ပြီး တာချီလိတ်ခရိုင်အတွင်းရှိ ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်မှုများလုပ်ဆောင်ခဲ့ပြီးနောက် လိုင်စင်မလုပ်ဆောင်ရသေးသူ မကျန်စေရန် ရှမ်းရိုးမကွင်းအတွင်း ကွင်းဆင်းဆောင်ရွက်ပေးနခြေင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းလိုင်စင် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လိုင်စင်လျှောက်ထားသူများကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်)မှ တာဝန်ရှိသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သည့် အသိပညာပေးမှုများလုပ်ဆောင်ပြီးမှ ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net