တာခ်ီလိတ္ၿမိဳ႕တြင္ ဟိုတယ္ေရွ႕၌ ရပ္ထားသည့္ ကားအား ခိုးသြားသူကို နာရီပိုင္းအတြင္း ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕တြင္ ဟိုတယ္ေရွ႕၌ ရပ္ထားသည့္ ကားအား ခိုးသြားသူကို နာရီပိုင္းအတြင္း ဖမ္းဆီးရမိ
မေ 21, 2019
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕၊ ၀မ္ေကာင္းရပ္ကြက္အတြင္း ဧရာဝဏ္ဟိုတယ္ေရွ႕တြင္ ရပ္တန႔္ထားသည့္ ေမာ္ေတာ္ကားတစ္စီး ခိုးခံရမွုႏွင့္ ပတ္သက္၍ ရဲတပ္ဖြဲ႕က နာရီပိုင္းအတြင္း သက္ေသခံပစၥည္းႏွင့္အတူ ကားခိုးသူဟုဆိုသူကိုပါ ဖမ္းဆီးရမိေၾကာင္း သိရသည္။
၂၀၁၉ခုႏွစ္ ေမလ(၂၁)ရက္ေန႔ ည(၈း၃၅)နာရီဝန္းက်င္အခ်ိန္က တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက ္ အတြင္းရွိ ဧရာဝဏ္ ဟိုတယ္ေရွ႕တြင္ ရပ္ထားသည့္ ပရိုေဘာက္ အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ အျဖဴေရာင္တစ္စီး ခိုးယူခံရေၾကာင္း ယာဥ္ပိုင္ရွင္ျဖစ္သူ ကိုေဇာ္ထြန္းဦးက တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ လာေရာက္သတင္းေပး တိုင္တန္းသည့္အတြက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၈၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ - ၃၇၉(ကား)ျဖင့္ အမွုဖြင့္လွစ္ထားရွိၿပီးေနာက္ နာရီပိုင္းအတြင္း ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ပူးေပါင္းအဖြဲ႕တို႔က လိုက္လံပိတ္ဆို႔ စစ္ေဆးမွုမ်ား ေဆာင္ရြက္စဥ္ ဧဒင္ရြာဘက္မွ တာခ်ီလိတ္ - က်ိဳင္းတုံ ကားလမ္းမႀကီးဘက္သို႔ ေမာင္းထြက္လာသည့္ ေမာ္ေတာ္ယာဥ္အား ပိတ္ဆို႔ ဖမ္းဆီးစစ္ေဆးရာက ယာဥ္ေမာင္းေနရာတြင္ စိုင္းလုံရွဲန္ ေမာင္းလာၿပီး ျပည့္ၿဖိဳးေအာင္တို႔ လိုက္ပါလာသည့္ ယာဥ္ကို တားျမစ္ စစ္ေမးရာက အဆိုပါ ယာဥ္မွာ ဧရာဝဏ္ဟိုတယ္ေရွ႕က ခိုးယူခဲ့သည့္ ကားျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္သည့္အတြက္ ဖမ္းဆီးသိမ္းဆည္းခဲ့ေၾကာင္း သိရသည္။
သက္ေသခံပစၥည္းႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၂၀)ႏွစ္ရွိ စိုင္းလုံးရွဲန္ ႏွင့္ အသက္(၂၆)ႏွစ္ရွိ ျပည့္ၿဖိဳးေအာင္ဆိုသူတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ ည(၉)နာရီခြဲဝန္းက်င္တြင္
ဖမ္းဆီးေခၚေဆာင္လာၿပီး ဆက္လက္၍ စစ္ေဆးမွုမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။
Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့တွင် ဟိုတယ်ရှေ့၌ ရပ်ထားသည့် ကားအား ခိုးသွားသူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ
**************
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်အတွင်း ဧရာဝဏ်ဟိုတယ်ရှေ့တွင် ရပ်တန့်ထားသည့် မော်တော်ကားတစ်စီး ခိုးခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း သက်သေခံပစ္စည်းနှင့်အတူ ကားခိုးသူဟုဆိုသူကိုပါ ဖမ်းဆီးရမိကြောင်း သိရသည်။
၂၀၁၉ခုနှစ် မေလ(၂၁)ရက်နေ့ ည(၈း၃၅)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အတွင်းရှိ ဧရာဝဏ် ဟိုတယ်ရှေ့တွင် ရပ်ထားသည့် ပရိုဘောက် အမျိုးအစား မော်တော်ယာဉ် အဖြူရောင်တစ်စီး ခိုးယူခံရကြောင်း ယာဉ်ပိုင်ရှင်ဖြစ်သူ ကိုဇော်ထွန်းဦးက တာချီလိတ်မြို့မရဲစခန်းသို့ လာရောက်သတင်းပေး တိုင်တန်းသည့်အတွက် တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၈၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ - ၃၇၉(ကား)ဖြင့် အမှုဖွင့်လှစ်ထားရှိပြီးနောက် နာရီပိုင်းအတွင်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့က လိုက်လံပိတ်ဆို့ စစ်ဆေးမှုများ ဆောင်ရွက်စဉ် ဧဒင်ရွာဘက်မှ တာချီလိတ် - ကျိုင်းတုံ ကားလမ်းမကြီးဘက်သို့ မောင်းထွက်လာသည့် မော်တော်ယာဉ်အား ပိတ်ဆို့ ဖမ်းဆီးစစ်ဆေးရာက ယာဉ်မောင်းနေရာတွင် စိုင်းလုံရှဲန် မောင်းလာပြီး ပြည့်ဖြိုးအောင်တို့ လိုက်ပါလာသည့် ယာဉ်ကို တားမြစ် စစ်မေးရာက အဆိုပါ ယာဉ်မှာ ဧရာဝဏ်ဟိုတယ်ရှေ့က ခိုးယူခဲ့သည့် ကားဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း သိရသည်။
သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၂၀)နှစ်ရှိ စိုင်းလုံးရှဲန် နှင့် အသက်(၂၆)နှစ်ရှိ ပြည့်ဖြိုးအောင်ဆိုသူတို့အား တာချီလိတ်မြို့မရဲစခန်းသို့ ည(၉)နာရီခွဲဝန်းကျင်တွင် ဖမ်းဆီးခေါ်ဆောင်လာပြီး ဆက်လက်၍ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net