ကယားျပည္နယ္အစိုးရက တရားစြဲဆိုထား၍ ဖမ္းဝရမ္းထုတ္ခံထားရသည့္ လူငယ္ (၅)ဦး လာေရာက္အဖမ္းခံ

ကယားျပည္နယ္အစိုးရက တရားစြဲဆိုထား၍ ဖမ္းဝရမ္းထုတ္ခံထားရသည့္ လူငယ္ (၅)ဦး လာေရာက္အဖမ္းခံ
ဇွန် 21, 2019
By 🌸
ကယားျပည္နယ္အစိုးရက ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ေရးဆိုင္ရာ လြပ္လပ္မွုႏွင့္ လံုျခံဳမႈကာကြယ္ေရးဥပေဒျဖင့္တရားစြဲဆို၍ ဖမ္းဝရမ္းထုတ္ခံထားရေသာ ကရင္နီလူငယ္ (၅) ဦးက ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၁) ရက္ေန႔တြင္ လာေရာက္အဖမ္းခံေၾကာင္း သိရသည္။

လိြဳင္ေကာ္ၿမိဳ႕ ခ်စ္ကယ္ေက်းရြာရွိ ေကးထ်ိဳးဘိုးခန္းမတြင္ က်င္းပျပဳလုပ္ေသာ (၁၄၄) ႀကိမ္ေျမာက္ ကရင္နီအမ်ိဳးသားေန႔အခမ္းအနားသို႕ တရားစြဲဆိုခံ ကရင္နီလူငယ္ (၅)ဦးမွ တက္ေရာက္ခဲ့ၿပီး အခမ္းအနားအၿပီးတြင္ သတင္းမီဒီယာမ်ားႏွင့္ေတြ႔ဆုံၿပီးေနာက္ ရဲတပ္ဖြဲ႕မ်ားထံ  ဖမ္းဆီးခံခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ကိုေကာင္းေကာင္းမြန္မြန္ ေပ်ာ္ေပ်ာ္ရြင္ရြင္ တည္ေဆာက္ခ်င္ရင္ တိုင္းရင္းသားေတြရဲ႕ သမိုင္းကို အသိမွတ္ျပဳဖို႕လိုမယ္။ ကၽြန္ေတာ္တို႕ ဒီေန႕လာအဖမ္းခံတယ္။ တရားရင္ဆိုင္မယ္။ ဗိုလ္ခ်ဳပ္ရုပ္တု ေရြ႕ေျပာင္မေပးေသးသ၍ ဒီလႈပ္ရွားမႈက ဆက္ရွိေနမယ္ ။ ေထာင္ထဲက ထြက္လာရင္လည္း မေရြ႕ေျပာင္းေသးဘူးဆိုရင္ ဆက္လုပ္ေနအုံးမွာပဲ ” ဟု ဖမ္းဆီးခံ လူငယ္တစ္ဦးျဖစ္သည့္ ကိုဒီးဒီ ကေျပာသည္။

ကယားျပည္နယ္အစိုးရမွ တရားစြဲဆိုခံထားေသာ ကရင္နီလူငယ္(၆)ဦးထဲမွ ခူးၾကဴးဖဲေကးအား ဇြန္လ (၂) ရက္ေန႕တြင္ ဖမ္းဆီးခဲ့ၿပီး က်န္တိမ္းေရွာင္ေနသည့္ ကိုဂၽြန္ေပါ(ခ)ပ်ားေလး ၊ ကိုမ်ိဳးလွိုင္ဝင္း(ခ)ပါစကြားလယ္၊ကိုခြန္ေသာမတ္စ္၊ ကိုဒီးဒီ(ခ)စစ္မုန္းႏွင့္ ကိုခူးရီဒူး(ခ)ခူးရီးရယ္တို႕က ဇြန္လ (၂၁) ရက္ေန႕ေန႕လယ္ပိုင္းတြင္ တြင္ လာေရာက္အဖမ္းခံခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ကရင္နီလူငယ္ေျခာက္ဦးက မတ္လ ၂၅ ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာခ်က္တစ္ေစာင္ ထုတ္ရာတြင္ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္း႐ႈိ ႏွင့္ စီမံဘ႑ာဝန္ႀကီး ဦးေမာ္ေမာ္ တို႔အား ႏိုင္ငံေရးရာဇဝတ္ ေကာင္မ်ား၊ ၊ ကရင္နီအမ်ိဳးသား သစၥာေဖာက္မ်ား ၊ တိုင္းရင္းသားမ်ားေသြးစည္းခ်စ္ၾကည္ေရး၏ ရန္သူမ်ား ၊ေက်းဇူးကန္းသူမ်ား အျဖစ္ ေဖၚျပခဲ့သျဖင့္ ကယားျပည္နယ္ အစိုးရအဖြဲ႔႐ုံးက ေမလ ၁၆ ရက္ေန႔တြင္ နိုင္ငံသားမ်ား ၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ပုဂၢိဳလ္ဆိုင္ရာလုံၿခဳံမႈကိုကာကြယ္ေပးေရးဥပေဒပုဒ္မ (၁၀) ျဖင့္တရားစြဲဆို ထားျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကယားပြည်နယ်အစိုးရက တရားစွဲဆိုထား၍ ဖမ်းဝရမ်းထုတ်ခံထားရသည့် လူငယ် (၅)ဦး လာရောက်အဖမ်းခံ
******
ကယားပြည်နယ်အစိုးရက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွပ်လပ်မှုနှင့် လုံခြုံမှုကာကွယ်ရေးဥပဒေဖြင့်တရားစွဲဆို၍ ဖမ်းဝရမ်းထုတ်ခံထားရသော ကရင်နီလူငယ် (၅) ဦးက ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် လာရောက်အဖမ်းခံကြောင်း သိရသည်။

လွိုင်ကော်မြို့ ချစ်ကယ်ကျေးရွာရှိ ကေးထျိုးဘိုးခန်းမတွင် ကျင်းပပြုလုပ်သော (၁၄၄) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ တရားစွဲဆိုခံ ကရင်နီလူငယ် (၅)ဦးမှ တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံပြီးနောက် ရဲတပ်ဖွဲ့များထံ  ဖမ်းဆီးခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကိုကောင်းကောင်းမွန်မွန် ပျော်ပျော်ရွင်ရွင် တည်ဆောက်ချင်ရင် တိုင်းရင်းသားတွေရဲ့ သမိုင်းကို အသိမှတ်ပြုဖို့လိုမယ်။ ကျွန်တော်တို့ ဒီနေ့လာအဖမ်းခံတယ်။ တရားရင်ဆိုင်မယ်။ ဗိုလ်ချုပ်ရုပ်တု ရွေ့ပြောင်မပေးသေးသ၍ ဒီလှုပ်ရှားမှုက ဆက်ရှိနေမယ် ။ ထောင်ထဲက ထွက်လာရင်လည်း မရွေ့ပြောင်းသေးဘူးဆိုရင် ဆက်လုပ်နေအုံးမှာပဲ ” ဟု ဖမ်းဆီးခံ လူငယ်တစ်ဦးဖြစ်သည့် ကိုဒီးဒီ ကပြောသည်။

ကယားပြည်နယ်အစိုးရမှ တရားစွဲဆိုခံထားသော ကရင်နီလူငယ်(၆)ဦးထဲမှ ခူးကြူးဖဲကေးအား ဇွန်လ (၂) ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ကျန်တိမ်းရှောင်နေသည့် ကိုဂျွန်ပေါ(ခ)ပျားလေး ၊ ကိုမျိုးလှိုင်ဝင်း(ခ)ပါစကွားလယ်၊ကိုခွန်သောမတ်စ်၊ ကိုဒီးဒီ(ခ)စစ်မုန်းနှင့် ကိုခူးရီဒူး(ခ)ခူးရီးရယ်တို့က ဇွန်လ (၂၁) ရက်နေ့နေ့လယ်ပိုင်းတွင် တွင် လာရောက်အဖမ်းခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကရင်နီလူငယ်ခြောက်ဦးက မတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ရာတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို နှင့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော် တို့အား နိုင်ငံရေးရာဇဝတ် ကောင်များ၊ ၊ ကရင်နီအမျိုးသား သစ္စာဖောက်များ ၊ တိုင်းရင်းသားများသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ ၊ကျေးဇူးကန်းသူများ အဖြစ် ဖေါ်ပြခဲ့သဖြင့် ကယားပြည်နယ် အစိုးရအဖွဲ့ရုံးက မေလ ၁၆ ရက်နေ့တွင် နိုင်ငံသားများ ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေပုဒ်မ (၁၀) ဖြင့်တရားစွဲဆို ထားခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net