လွိုင်ကော်မြို့ တွင်း ယနေ့ညပိုင်း ဗုံးကွဲသံတွေ ဆက်တိုက်ကြားနေရ 

လွိုင်ကော်မြို့ တွင်း ယနေ့ညပိုင်း ဗုံးကွဲသံတွေ ဆက်တိုက်ကြားနေရ 
မေ 21, 2021 | ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း မေလ (၂၁)ရက်နေ့ည (၇)နာရီခွဲ အချိန်ဝန်းကျင်ကစ၍ ဗုံးပေါက်ကွဲသံများ ဆက်တိုက်ကြားနေရကြောင်း သိရသည်။ 

တစ်လုံးပြီး တစ်လုံး ဆက်တိုက်ကွဲနေတာဗျ။ မြို့အနှံ့ပဲ အသံတွေကြားနေတယ်။ ဘယ်မှာ ကွဲလည်းဆိုတာ အတိကျ မသိဘူး ။ ဘယ်သူမှလည်း ထွက်မကြည့်ရဲကြဘူး ။ မြို့အနှံ့ပဲ ကြား​နေရတယ် ။ (၅)လုံးလောက်ဖြစ်မယ်

ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက ပြောသည်။ 

လက်ရှိချိန်တွင် လွိုင်ကော်မြို့အတွင်း ဗုံးပေါက်ကွဲသည်ဟု ယူဆရသည့် ပေါက်ကွဲသံများမှာ ရပ်ကွက် နေရာအနှံ့တွင် ကြားနေရပြီး ဒေသခံများ ပြောပြချက်အရ ရပ်ကွက်ရုံးနေရာများနှင့် လွိုင်ကော်ခရိုင်ရဲရုံး အနီးတွင် ပေါက်ကွဲ မှုများ ဖြစ်နေကြောင်း သိရပြီး အတိကျကိုတော့အတည်ပြု နိုင်ခြင်းမရှိ​ပေါ။ 

ခုနက တစ်လုံးကွဲတာက ကျွန်တော့်အိမ်ဘေးနားပဲ ကျောက်ခဲတွေတောင် အိမ်ဖက် လွှင့်လာတယ်။ အပြင်ထိ​တေ့ာထွက်မကြည့်ရဲဘူး နားတွေပါအူတယ်။ ခုပြောနေရင်း နောက်တစ်လုံး ထပ်ကွဲပါတယ်။ ကွဲတဲ့ အသံတွေ ဆက်တိုက်ကြား​ရေပေမယ့် ဘယ်နားတွေဆိုတာ ဘယ်သူမှ မထွက်ကြည့်ရဲကြဘူး။ ခု ကိုယ့်အိမ်မှာ ကိုယ် ကင်းစောင့်နေရတယ်

ဟု ထေးသမရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။ 

လက်ရှိချိန်ထိ လွိုင်ကော်မြို့ အနှံ့တွင် ပေါက်ကွဲသံများ ကြားနေရသေးပြီး WIFi အင်တာနတ်လိုင်း အချို့လည်း ပြက်တောက်နေသလို မြို့တွင်းမှာလည်း စစ်ကားများ သွားလာနေကြောင်း သိရသည်။