တာခ်ီလိတ္ၿမိဳ႕ရိွ ႏွစ္ႏုိင္ငံနယ္စပ္ မယ္ဆိုင္ေခ်ာင္း ေရစီးေရလာေကာင္းမြန္ေစေရး အတြက္ တူးေဖာ္ရွင္းလင္းေဆာင္ရြက္မႈ ၿပီးစီး

တာခ်ီလိတ္ၿမိဳ႕ရိွ ႏွစ္ႏုိင္ငံနယ္စပ္ မယ္ဆိုင္ေခ်ာင္း ေရစီးေရလာေကာင္းမြန္ေစေရး အတြက္ တူးေဖာ္ရွင္းလင္းေဆာင္ရြက္မႈ ၿပီးစီး
ဇွန် 12, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ရိွ ႏွစ္ႏိုင္ငံပိုင္ဆိုင္သည့္ မယ္ဆိုင္ေခ်ာင္း ေရစီးေရလာေကာင္းမြန္ေစေရးအတြက္ ယႏၱယားမ်ားျဖင့္ ျပန္လည္တူးေဖာ္သည့္လုပ္ငန္းမ်ားကို ၂၀၁၉ ခုႏွစ္ ဇြန္လ (၁၂) ရက္ေန႔တြင္ ေဆာင္ရြက္ၿပီးစီးသြားၿပီ ျဖစ္ေၾကာင္း သိရသည္။

"မိုးမက်မီကာလမွာလည္း ေခ်ာင္းေရက ေတာ္ေတာ္ႀကီးကို ခမ္းေျခာက္သြားတဲ့အေနအထားေတြ႕ရတယ္။ ကၽြန္ေတာ္တို႔ ေခ်ာင္းတစ္ေလွ်ာက္လိုက္ၾကည့္ျဖစ္ပါတယ္။ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးလည္း ပါတာေပါ့။ ေခ်ာင္းေကာလာတာလည္း ပါတယ္။ ရာသီဥတုေဖာက္ျပန္လာတာလည္း ပါတာေပါ့။ ႏႈံးေတြျပန္ဆယ္ရမယ့္အေနအထားျဖစ္ေတာ့ ျပန္ဆယ္တာ (၅) ရက္ေလာက္ၾကာတာေပါ့။ ဒီေန႔ (၁၂) နာရီေလာက္မွ အလံုးစံုၿပီးစီးခဲ့တာ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နယ္စပ္ေခ်ာင္းမွာ ႏႈံးမ်ားေၾကာင့္ ေကာလာေနသျဖင့္ ႏံႈးမ်ားျပန္လည္တူးေဖၚျခင္းကို ျမန္မာဘက္က ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး ေခ်ာင္းအရွည္ စုစုေပါင္း ေပ (၁,၁၀၀) ေက်ာ္ခန္႔ကို တူးေဖၚျပင္ဆင္ခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး   အပါအ၀င္ ဌာနဆိုင္ရာမ်ားက မယ္ဆိုင္ေခ်ာင္းအား ကြင္းဆင္းစစ္ေဆးခဲ့ရာတြင္ ထိုင္းႏိုင္ငံဘက္ျခမ္းမွ ေရသြယ္ေျမာင္းမ်ား တူးေဖာ္ထားသျဖင့္ ေခ်ာင္းအတြင္းေရစီး၀င္မႈမရိွေတာ့ဘဲ ေခ်ာင္းတိမ္ေကာသည့္အျပင္ အမိႈက္မ်ားစုပံုေနသည္ကို ေတြ႕ရိွခဲ့ရသျဖင့္ ေခ်ာင္းေရစီးေၾကာင္း ျပန္လည္တူးေဖၚျခင္းႏွင့္ အမိႈက္မ်ားရွင္းလင္းျခင္းကို ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

အဆုိပါ နယ္စပ္ေခ်ာင္းအတြင္း ရွင္းလင္းမႈႏွင့္ပတ္သက္၍ ၂၀၁၉ ခုႏွစ္ ေမလ (၂၆) ရက္ေန႔က ႏွစ္ႏုိင္ငံတာဝန္ရိွသူမ်ား တာခ်ီလိတ္ၿမိဳ႕ရိွ ေရႊနန္းေတာ္ကုန္တိုက္တြင္ အလြတ္သေဘာ ေတြ႕ဆံုေဆြးေႏြးသေဘာတူညီခဲ့ၾကျခင္းျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ နှစ်နိုင်ငံပိုင်ဆိုင်သည့် မယ်ဆိုင်ချောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ယန္တယားများဖြင့် ပြန်လည်တူးဖော်သည့်လုပ်ငန်းများကို ၂၀၁၉ ခုနှစ် ဇွန်လ (၁၂) ရက်နေ့တွင် ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

"မိုးမကျမီကာလမှာလည်း ချောင်းရေက တော်တော်ကြီးကို ခမ်းခြောက်သွားတဲ့အနေအထားတွေ့ရတယ်။ ကျွန်တော်တို့ ချောင်းတစ်လျှောက်လိုက်ကြည့်ဖြစ်ပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးလည်း ပါတာပေါ့။ ချောင်းကောလာတာလည်း ပါတယ်။ ရာသီဥတုဖောက်ပြန်လာတာလည်း ပါတာပေါ့။ နှုံးတွပြေန်ဆယ်ရမယ့်အနေအထားဖြစ်တော့ ပြန်ဆယ်တာ (၅) ရက်လောက်ကြာတာပေါ့။ ဒီနေ့ (၁၂) နာရီလောက်မှ အလုံးစုံပြီးစီးခဲ့တာ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နယ်စပ်ချောင်းမှာ နှုံးများကြောင့် ကောလာနေသဖြင့် နှုံးများပြန်လည်တူးဖော်ခြင်းကို မြန်မာဘက်က ဆောင်ရွက်နခြေင်းဖြစ်ပြီး ချောင်းအရှည် စုစုပေါင်း ပေ (၁,၁၀၀) ကျော်ခန့်ကို တူးဖော်ပြင်ဆင်ခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာများက မယ်ဆိုင်ချောင်းအား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ထိုင်းနိုင်ငံဘက်ခြမ်းမှ ရေသွယ်မြောင်းများ တူးဖော်ထားသဖြင့် ချောင်းအတွင်းရေစီးဝင်မှုမရှိတော့ဘဲ ချောင်းတိမ်ကောသည့်အပြင် အမှိုက်များစုပုံနေသည်ကို တွေ့ရှိခဲ့ရသဖြင့် ချောင်းရေစီးကြောင်း ပြန်လည်တူးဖော်ခြင်းနှင့် အမှိုက်များရှင်းလင်းခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ နယ်စပ်ချောင်းအတွင်း ရှင်းလင်းမှုနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် မေလ (၂၆) ရက်နေ့က နှစ်နိုင်ငံတာဝန်ရှိသူများ တာချီလိတ်မြို့ရှိ ရွှေနန်းတော်ကုန်တိုက်တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးသဘောတူညီခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net