တာခ်ီလိတ္ၿမိဳ႕တြင္ အမ်ဳိးသား(၄)ဦးအား က်ပ္(၃၂၈)သိန္းေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္းေခါင္းခါေဆးျပားမ်ား ႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕တြင္ အမ်ဳိးသား(၄)ဦးအား က်ပ္(၃၂၈)သိန္းေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္းေခါင္းခါေဆးျပားမ်ား ႏွင့္အတူ ဖမ္းဆီးရမိ
ဇူလိုင် 20, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ရွိ ရီဂ်ီနားေဂါက္ကြင္းသြားလမ္း၏ လမ္းသြယ္တြင္ ရဲတပ္ဖြဲ႔မွ မူးယစ္ေဆး၀ါးသတင္းအရ ေစာင့္ဆိုင္းဖမ္းဆီးရာမွ အမ်ဳိးသား(၄)ဦးအား ကာလတန္ဖိုးေငြ က်ပ္(၃၂၈)သိန္းေက်ာ္ တန္ဖိုးရွိသည့္ စိတ္ေျပာင္းေခါင္းခါေဆးျပား(Ecstasy) စုစုေပါင္း (၈၂၂)ျပား ႏွင့္အတူ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၉)ရက္ေန႔ ညေနပိုင္းက ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ၀မ္ေကာင္းရပ္ကြက္အပိုင္း၊ ရီဂ်ီနားေဂါက္ကြင္းသြားလမ္း၊ 199 အကင္ဆိုင္ဘက္  လမ္းသြယ္တြင္ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႔၏ မႈခင္းအကူတပ္ဖြဲ႔စုမွ ရဲအုပ္ေမာင္မ်ဳိး ႏွင့္  တပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔(မႈ/ႏွိမ္) မွ တပ္ဖြဲ႔၀င္မ်ား။ မူးယစ္တပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔ျဖင့္ တားျမစ္မူးယစ္ေဆး၀ါးသတင္းအရ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၉)ရက္ေန႔ ညေန (၄)နာရီခြဲ ၀န္းက်င္အခ်ိန္က ေစာင့္ဆိုင္းေနရာ က်ဳိင္းႏြဲ႔(ခ)အိုက္ႏြဲ႔ ေမာင္းႏွင္ၿပီး အိုက္လံု(ခ)စိုင္းလံု ႏွင့္ အိုက္အြန္(ခ)ပီအြန္တို႔ လိုက္ပါလာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာက စိတ္ေျပာင္းေခါင္းခါေဆးျပား (Ecstasy) (၇၀၈)ျပားကို ရွာေဖြသိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

၎တို႔ (၃)ဦးအား ပူးေပါင္းအဖြဲ႔မွ တစ္ဦးခ်င္းစီထံ ရွာေဖြမႈမ်ား ျပုလုပ္ရာက အိုက္လံု(ခ)စိုင္းလံု ထံက စိတ္ေျပာင္းေခါင္းခါေဆးျပား(Ecstasy) စုစုေပါင္း (၇၀၈)ျပား ႏွင့္ လက္ကိုင္ဖုန္းတစ္လံုးအား လည္းေကာင္း၊ က်ဳိင္းႏြဲ႔(ခ) အိုက္ႏြဲ႔ထံမွ လက္ကိုင္ဖုန္း (၁)လံုးအား လည္းေကာင္း၊ အိုက္အြန္(ခ)ပီအြန္ထံမွ လက္ကိုင္ဖုန္း (၁)လံုး ႏွင့္ မွတ္ပံုတင္ တစ္ခုတို႔အား ရွာေဖြသိမ္းဆည္းရရွိေၾကာင္း သိရသည္။

ဆက္လက္၍ ပူးေပါင္းအဖြဲ႔သည္ သိမ္းဆည္းရမိသည့္ တားျမစ္ေဆး၀ါးမ်ားႏွင့္ ပတ္သက္၍ ၎တို႔အား စစ္ေဆး ေမးျမန္းရာက အဆိုပါ ေဆးျပားမ်ားအား ဆန္ဆိုင္း(က)ရပ္ကြက္တြင္းေန ကြမ္းယံု(ခ)အားယံုဆိုသူမွ ေရာင္းခ်ရန္ ေပးလိုက္ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္၍ ပူးေပါင္းအဖြဲ႔က ေနအိမ္သို႔ သြားေရာက္ ရွာေဖြစစ္ေဆးရာ ကြမ္းယံု(ခ)အားယံုဆိုသူအား ေနအိမ္အေပၚထပ္ရွိ ၎၏ အိပ္ခန္းအတြင္း ေတြ႔ရွိရၿပီး ဆက္လက္ရွာေဖြရာက ေနအိမ္အတြင္း ေနရာေပါင္း(၃)ေနရာမွ စိတ္ေျပာင္းေခါင္းခါေဆးျပား(Ecstasy) စုစုေပါင္း (၁၁၄)ျပားအား ရွာေဖြေတြ႔ရွိရေၾကာင္း သိရသည္။

စိတ္ေျပာင္းေခါင္းခါေဆးျပား(Ecstasy)မ်ား ဖမ္းဆီးရမိမႈႏွင့္ ပတ္သက္၍ ရီဂ်ီနားေဂါက္ကြင္းသြားလမ္း၏ လမ္းသြယ္တြင္ ေဆးျပား(၇၀၈)ျပား ႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၄၂)ႏွစ္ရွိ အိုက္လံု(ခ)စိုင္းလံု ႏွင့္ အသက္(၃၄)ႏွစ္ရွိ က်ဳိင္းႏြဲ႕(ခ)အိုက္ႏြဲ႔ အပါအ၀င္ အသက္(၅၂)ႏွစ္ရွိ အိုက္အြန္(ခ)ပီအြန္တို႔ အျပင္ ေဆးျပားေရာင္းခ်ရန္ ေပးအပ္သူ ကြမ္းယံု(ခ)အားယံုတို႔ (၄)ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၉၈/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ျဖင့္ အမႈဖြင့္ထားရွိေၾကာင္း သိရသည္။

ယင္းအျပင္ ဆန္ဆိုင္(က)ရပ္ကြက္အတြင္း ေနအိမ္တြင္ စိတ္ေျပာင္းေခါင္းခါေဆးျပား(Ecstasy) (၁၁၄)ျပား ႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၃၉)ႏွစ္ရွိ ကြမ္းယံု(ခ)အားယံုအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၉၉/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ထားရွိၿပီး ကြင္းဆက္ တရားခံကိုလည္း ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency




~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ ရီဂျီနားဂေါက်ကွင်းသွားလမ်း၏ လမ်းသွယ်တွင် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းဖမ်းဆီးရာမှ အမျိုးသား(၄)ဦးအား ကာလတန်ဖိုးငွေ ကျပ်(၃၂၈)သိန်းကျော် တန်ဖိုးရှိသည့် စိတ်ပြောင်းခေါင်းခါဆေးပြား(Ecstasy) စုစုပေါင်း (၈၂၂)ပြား နှင့်အတူ ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အပိုင်း၊ ရီဂျီနားဂေါက်ကွင်းသွားလမ်း၊ 199 အကင်ဆိုင်ဘက် လမ်းသွယ်တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၏ မှုခင်းအကူတပ်ဖွဲ့စုမှ ရဲအုပ်မောင်မျိုး နှင့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်) မှ တပ်ဖွဲ့ဝင်များ။ မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ဖြင့် တားမြစ်မူးယစ်ဆေးဝါးသတင်းအရ ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့ ညနေ (၄)နာရီခွဲ ဝန်းကျင်အချိန်က စောင့်ဆိုင်းနေရာ ကျိုင်းနွဲ့(ခ)အိုက်နွဲ့ မောင်းနှင်ပြီး အိုက်လုံ(ခ)စိုင်းလုံ နှင့် အိုက်အွန်(ခ)ပီအွန်တို့ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာက စိတ်ပြောင်းခေါင်းခါဆေးပြား (Ecstasy) (၇၀၈)ပြားကို ရှာဖွေသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့ (၃)ဦးအား ပူးပေါင်းအဖွဲ့မှ တစ်ဦးချင်းစီထံ ရှာဖွေမှုများ ပြုလုပ်ရာက အိုက်လုံ(ခ)စိုင်းလုံ ထံက စိတ်ပြောင်းခေါင်းခါဆေးပြား(Ecstasy) စုစုပေါင်း (၇၀၈)ပြား နှင့် လက်ကိုင်ဖုန်းတစ်လုံးအား လည်းကောင်း၊ ကျိုင်းနွဲ့(ခ) အိုက်နွဲ့ထံမှ လက်ကိုင်ဖုန်း (၁)လုံးအား လည်းကောင်း၊ အိုက်အွန်(ခ)ပီအွန်ထံမှ လက်ကိုင်ဖုန်း (၁)လုံး နှင့် မှတ်ပုံတင် တစ်ခုတို့အား ရှာဖွေသိမ်းဆည်းရရှိကြောင်း သိရသည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် သိမ်းဆည်းရမိသည့် တားမြစ်ဆေးဝါးများနှင့် ပတ်သက်၍၎င်းတို့အား စစ်ဆေး မေးမြန်းရာက အဆိုပါ ဆေးပြားများအား ဆန်ဆိုင်း(က)ရပ်ကွက်တွင်းနေ ကွမ်းယုံ(ခ)အားယုံဆိုသူမှ ရောင်းချရန် ပေးလိုက်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်၍ ပူးပေါင်းအဖွဲ့က နေအိမ်သို့ သွားရောက် ရှာဖွေစစ်ဆေးရာ ကွမ်းယုံ(ခ)အားယုံဆိုသူအား နေအိမ်အပေါ်ထပ်ရှိ၎င်း၏ အိပ်ခန်းအတွင်း တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာက နေအိမ်အတွင်း နေရာပေါင်း(၃)နေရာမှ စိတ်ပြောင်းခေါင်းခါဆေးပြား(Ecstasy) စုစုပေါင်း (၁၁၄)ပြားအား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

စိတ်ပြောင်းခေါင်းခါဆေးပြား(Ecstasy)များ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ရီဂျီနားဂေါက်ကွင်းသွားလမ်း၏ လမ်းသွယ်တွင် ဆေးပြား(၇၀၈)ပြား နှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၄၂)နှစ်ရှိ အိုက်လုံ(ခ)စိုင်းလုံ နှင့် အသက်(၃၄)နှစ်ရှိ ကျိုင်းနွဲ့(ခ)အိုက်နွဲ့ အပါအဝင် အသက်(၅၂)နှစ်ရှိ အိုက်အွန်(ခ)ပီအွန်တို့ အပြင် ဆေးပြားရောင်းချရန် ပေးအပ်သူ ကွမ်းယုံ(ခ)အားယုံတို့ (၄)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၉၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ဖြင့် အမှုဖွင့်ထားရှိကြောင်း သိရသည်။

ယင်းအပြင် ဆန်ဆိုင်(က)ရပ်ကွက်အတွင်း နေအိမ်တွင် စိတ်ပြောင်းခေါင်းခါဆေးပြား(Ecstasy) (၁၁၄)ပြား နှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၃၉)နှစ်ရှိ ကွမ်းယုံ(ခ)အားယုံအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၉၉/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားရှိပြီး ကွင်းဆက် တရားခံကိုလည်း ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net