တာချီလိတ်မြို့ရှိ ဗာလရွာတွင် အစိုးရ၏ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် ဒေသခံများက ပြည်နယ်ဝန်ကြီးထံ တောင်းဆို

တာချီလိတ်မြို့ရှိ ဗာလရွာတွင် အစိုးရ၏ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် ဒေသခံများက ပြည်နယ်ဝန်ကြီးထံ တောင်းဆို
မတ် 4, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ ဗာလရွာတွင် အစိုးရ၏ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် ဒေသခံများက ပြည်နယ်ဝန်ကြီးထံ တောင်းဆို

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ ထိုင်းနိုင်ငံနှင့် နယ်စပ်ရှိ ဗာလရွာတွင် အစိုးရက ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ၂၀၂၀ ခုနှစ်၊ မတ်လ (၂)ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးဆောင်သည့် အဖွဲ့ကို ဒေသခံများက တင်ပြတောင်းဆိုလိုက်သည်။

ကျွန်တော်တို့ဆက်ပြီး တင်ပြပေးပါမယ်။ မြေနေရာကျဖို့ရာက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ပြီးတော့ မြေစာရင်းဌာနနဲ့ စာသင်ကျောင်းဆိုရင် ပညာရေးပေါ့။ ဆေးခန်းဆိုရင် ကျန်းမာရေးပေါ့။ မြေနေရာကျဖို့ အရင်လုပ်ရမယ်

ဟု ရှမ်းပြည်နယ်အစိုတျးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် နယ်စပ်ဖြတ်ကျော် မီးခိုးများနှင့် ဒေသတွင်းမှ တောင်ယာမီးရှို့မှုများကြောင့် မီးခိုးမြူဖုံးလွှမ်းမှုများ နှစ်စဉ်ကြုံနေရသဖြင့် မီးခိုးမြူလျော့ကျရေးလုပ်ဆောင်နေရာ မတ်လ (၂)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင် ဦးဆောင်သည့်အဖွဲ့က ဗာလရွာသို့ ကွင်းဆင်းကြည့်ရှုပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကျွန်တော်တို့ရွာမှာ ကျန်းမာရေးအတွက် အခက်အခဲရှိပါတယ်။ တာချီလိတ်သွားဖို့ကလည်း အခက်အခဲရှိတဲ့အတွက် ဆေးခန်းဖွင့်ပေးဖို့အဆင်ပြေမလား သိချင်ပါတယ်။ တစ်ရွာလုံးအတွက် သိချင်တာပါ

ဟု ဗာလကျေးရွာမှ မောဂျိုက ပြည်နယ်ဝန်ကြီးနှင့် ဒေသခံများတွေ့ဆုံစဉ် တင်ပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဗာလကျေးရွာတွင်  အစိုးရကျန်းမာရေးဆေးပေးခန်းမရှိသဖြင့် (၁၀) မိုင်ခန့်အကွာရှိ အာဒီးကျေးလက်ကျန်းမာရေးဌာနခွဲသို့ သွားရောက်နေရသည့်အပြင် အစိုးရစာသင်ကျောင်းမရှိသဖြင့် ကလေးငယ်များမှာ ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ ဖက်ဟိကျေးရွာရှိ စာသင်ကျောင်းတွင် သွားရောက် သင်ကြားနေကြရခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ ဗာလကျေးရွာမှာ မြန်မာ- ထိုင်းနယ်စပ်ရှိ အမြင့်ပေ (၅,၀၀၀) ကျော်သည့် တောင်ပေါ်တွင်တည်ရှိပြီး အာခါတိုင်းရင်းသား အိမ်ထောင်စု (၅၅) စုမှ လူဦးရေ (၃၉၅) ဦး နေထိုင်ကာ ကော်ဖီစိုက်ပျိုးခြင်းကို အဓိကလုပ်ကိုင်ကြခြင်းဖြစ်သည်။ 

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~